"ရှောင်းကျန့်၊ ဒီနေ့ photo shooting လေးတစ်ခုပြီးမှ ရိုက်ကွင်းစမယ်နော်"
"ဟုတ်ကဲ့ ကျဲ"
stylist အစ်မပြတဲ့အင်္ကျီကို မိတ်ကပ်အလိမ်းခံနေရင်းကမှ ရှောင်းကျန့်လှမ်းကြည့်လိုက်သည်။
"ဟယ်၊ ဂျင်းအပြာဖျော့ဝမ်းဆက်လေးပဲ၊ ကျန့်ကျန့်နဲ့အရမ်းလိုက်မှာ၊ ရီကျဲတို့ကရွေးတတ်တယ်နော်"
"ကိုယ်ရွေးတတ်တာမဟုတ်ပါဘူးကွာ၊ ကိုယ်တို့မင်းသားကိုက ဘာဝတ်ဝတ်လိုက်နေတာ"
မိတ်ကပ်ဆရာမနှင့် stylist တို့ရဲ့ချီးမွန်းမှုများကြားမှာရှောင်းကျန့်ကမနေတတ်စွာ ရှက်ရှက်နှင့်ရှေ့သွားခပ်ကြီးကြီးများပေါ်အောင်ရယ်မောနေမိသည်။
"အဲ့ဒါကြောင့် ဆရာဝမ်တို့မခွဲနိုင်မခွာရက်သဲသဲလှုပ်နေတာပေါ့"
ဒီတစ်ခါတော့ ရှောင်းကျန့်ရဲ့အရှက်သည်းမှုက အနားသားလယ်ဗယ်ကိုရောက်သွားပြီထင်သည်။ နားရွက်ဖျားလေးတွေပါ ရဲရဲနီလို့ရယ်...
"ကဲ ကဲ၊ တော်ပါတော့၊ ကိုယ့်သူဌေးကိုယ်လည်းကြည့်ကြဦး၊ ပေါက်ထွက်တော့မယ့်အတိုင်းဖြစ်နေပြီ"
အဝတ်အစားလဲခန်းထဲဝင်လာသော ရိုက်ကွင်းတာဝန်ခံဝန်ထမ်းကပြောလိုက်တော့မှ မိတ်ကပ်ဆရာမရော stylist တို့ကအသာထိန်းကာပြုံးစိစိဖြစ်နေကြသည်။
"ရှောင်းကော၊ ဧည့်သည်ရောက်နေတယ်"
"ဟင်"
တဆက်တည်းပြောလာသည့် ရိုက်ကွင်းတာဝန်ခံ၏စကားကြောင့် ရှောင်းကျန့်အူကြောင်ကြောင်ဖြစ်သွားသည်။
"ဘယ်သူလဲ၊ ရိုက်ကွင်းကိုဘယ်ဧည့်သည်လာမှာမို့လို့လဲ?"
"ခဏနေဝင်လာမှာပေါ့ ရှောင်းကောရယ်၊ လက်ဆောင်တွေပါပါလာမှာနော်"
သိချင်စိတ်ကြောင့် တရစက်မေးနေသောရှောင်းကျန့်ရဲ့အမေးကိုရိုက်ကွင်းတာဝန်ခံကထိုတစ်ခွန်းသာပြောပြီး ပြုံးစိစိလုပ်သွားတာကြောင့် ရှောင်းကျန့်မျက်လုံးလေးကလယ်ကလယ်နှင့်ကျန်ခဲ့သည်။
ဘယ်ကဧည့်သည်ပါလိမ့်...
ရှောင်းကျန့်အတွေးတို့မဆုံးသေးခင်ပင် ကျွီခနဲပွင့်သွားသည့်အခန်းတံခါးကြောင့်မျက်လုံးတို့ကတံခါးဆီရောက်သွားသည်။