Chapter 97

169 26 0
                                    

"ကျန့်ကော ကျွန်တော်အဝတ်တွေအကုန်လျှော်ပြီးလှမ်းပြီးပြီနော်၊ ပန်းကန်တွေလည်းဆေးပြီး သုတ်ပြီး ဗီရိုထဲထည့်ထားပြီးပြီ"

အဝတ်ညစ်ထည့်တဲ့ခြင်းတောင်းအလွတ်ကိုပိုက်ပြီးအခန်းထဲဝင်လာတဲ့ရီပေါ်က ချီးကျူးခံချင်တဲ့ကလေးတစ်ယောက်လိုမျိုးမျက်ဝန်းတွေတဖျက်ဖျက်လက်နေရင်းပြောလာတော့ ရှောင်းကျန့်ကစာအုပ်ဖတ်နေရင်းကနေ ခေါင်းမမော့ကြည့်လာဘဲလက်မတစ်ချောင်းသာထောင်ပြလာသည်။

"အာ..ကျန့်ကော နေလေးသာနေတာပဲ၊ ဝရန်တာထွက်ပြီးပန်းချီဆွဲမလား"

"မဆွဲချင်ပါဘူး၊ နေထိုးနေတာအသားမည်းမယ်"

"ဒါဆို ကျန့်ကောမျက်နှာပေါင်းတင်မလား၊ ကျွန်တော် Mask လုပ်လိုက်မယ်လေ"

"စိုစိစိနဲ့ချမ်းရတဲ့အထဲ"

"ဒါဆို၊ ကျွန်တော်သရက်သီးသုတ်လေး..."

"ဝမ်ရီပေါ်...ငါဒီမှာဇာတ်ညွှန်းဖတ်နေတာ အသံလေးတိတ်ပေးလို့မရဘူးလား"

ရှောင်းကျန့်ကလက်ထဲကဇာတ်ညွှန်းစာအုပ်ကိုလက်ညှိုးလေးညှပ်ပိတ်ကာ ကုတင်ပေါ်တဘန်းဘန်းရိုက်ရင်းပြောလာတော့ ရီပေါ်ရဲ့ပေါက်ပေါက်ဖောက်နေတဲ့ပါးစပ်လေးစေ့ပိတ်သွားသည်။

"ဒါဆို ကျွန်တော်ခြေထောက်လေးပဲနှိပ်ပေးတော့မယ်နော်"

ရီပေါ်ကခပ်တိုးတိုးလေးပြောကာ ရှောင်းကျန့်ခြေထောက်နားဝင်ထိုင်ရင်း ဆင်းချထားတဲ့ခြေထောက်လေးများကိုအသာနှိပ်ပေးတော့ ဘာမှမပြောဘဲမျက်ခုံးတို့တွန့်ချိုးကာဇာတ်ညွန်းကိုသာသေချာဖတ်နေသည်။ အသစ်လက်ခံထားသည့်ရုပ်ရှင်ဇာတ်ညွှန်းကိုအာရုံစိုက်နေဟန်ရသောရှောင်းကျန့်ကို ရီပေါ်ခိုးကြည့်ပြီးတိတ်တိတ်လေးသက်ပြင်းချလိုက်သည်။ ခြေထောက်ပေါ်တရွေ့ရွေ့သွားကာ ခပ်ဖွဖွနှိပ်နယ်နေသောလက်တို့ကလည်းအဆက်မပြတ်စေရပါ။

အခုအချိန်မှာရှောင်းကျန့်က ဘယ်အချိန်ပေါက်ကွဲမလဲမသိရသည့်ချိန်ကိုက်ဗုံးတစ်လုံးလိုပဲ သတိကြီးစွာထားပြီးဂရုစိုက်နေရသည်။ မကြာခင်ထုတ်လွှင့်တော့မည့် Luoyang ဇာတ်ကားပြချိန်နီးလာလေလေ၊ ရီပေါ်ရှောင်းကျန့်ခိုင်းတာတွေရော မခိုင်းတာတွေရောအိမ်မှာစုပြုံလုပ်ရလေဖြစ်သည်။ အိမ်ကတော့ သူတို့ရဲ့အသစ်စက်စက်ရှန်ဟိုင်းကအိမ်လေးပေါ့။ ရီပေါ်ရုပ်ရှင်ရိုက်နေတုန်း ရှောင်းကျန့်ကလိုက်လာပြီး ဆောင်းရာသီအတွင်းဖျားနာတတ်သည့်ရီပေါ်အတွက် စောင့်ရှောက်ပေးနေတာဖြစ်သည်။ ဝမ်ရီပေါ်တစ်ယောက် အဝတ်တွေလျှော်၊ ပန်းကန်တွေဆေးနေရတာကိုတော့ ချွင်းချက်ထားလိုက်ပေါ့။ 

Yizhan's Diary💚❤️ Part - IIWhere stories live. Discover now