"ကျန့်ကော ထမင်းစားပြီးပြီလား"
"ပြီးပြီ"
"ဘာနဲ့စားလဲ"
"မုန်ညင်းချဉ်နဲ့ ဝက်သား"
"စားကောင်းလားဟင်"
"..."
"ကျန့်ကော စားကောင်းလားလို့"
"..."
"ကျန့်ကော"
"..."
"ကျန့်ကော...လို့"
"အေး အေး၊ ဘာလဲကွာ ဘာလဲကွာ"
"တွေ့လား ကျန့်ကော၊ ကျွန်တော့်ကိုငြိုငြင်ပြီမဟုတ်ဘူးလား"
စခရင်မ်ပေါ်မှမျက်နှာကြီးရှုံ့မဲ့ပြကာ တစ်ဖက်လှည့်သွားသူကိုကြည့်ပြီးရှောင်းကျန့်သက်ပြင်းအသာချကာ လက်ထဲမှစုတ်တံနှင့်ဆေးစပ်ပြားကိုချထားလိုက်သည်။
"တွေ့လား သက်ပြင်းတွေတောင်ချနေပြီ၊ တကယ်ငြိုငြင်နေပါပြီ"
ဘုရားရေ၊ ရှောင်းကျန့်သက်ပြင်းသေးသေးလေးချမိတာအဲ့လောက်တောင်ပြဿနာကြီးသွားသလား???
"မျက်လုံးကြီးပြူးပြီးကြည့်နေပြီတွေ့လား...ကျန့်ကောကျွန်တော့်ကိုစိတ်ပျက်နေပြီ အီး..."
ဘုရားစူး...ဒီလိုအရစ်သန် အကောက်သန်တဲ့ဝက်ပေါက်လုံးက အထက်ပုဂ္ဂိုလ်တဲ့လား? ရှောင်းကျန့်ကြားဖူးတာတော့ အထက်ပုဂ္ဂိုလ်ဆိုတာတည်ကြည်ဖြောင့်မတ်ပြီးဂျန်းတဲမန်းစတိုင်နှင့် အောက်ပုဂ္ဂိုလ်များအတွက် protective boyfriend မျိုးပေါ့။ ဒါပေမယ့် သူ့ယောကျ်ားစပ်စလူးစိန်မျောက်မူးလဲဝမ်ရီပေါ်ကတော့ ဒီလိုသီအိုရီကိုဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေပါသည်။ မတန်မရာနေရာရထားတယ်ဆိုတာ ဝမ်ရီပေါ်မှဝမ်ရီပေါ်အစစ်ပါ။ တကယ်ဆို သူ့လိုသဘောထားကြီးပြီးဖြောင့်မတ်တဲ့သူကမှအထက်မှာနေရမှာမဟုတ်ဘူးလား? ဒီလိုမေးခွန်းမျိုးမေးမိလျှင် "ကျန့်ကောကဖင်ကြီးတော့အောက်မှာကျိန်းသေနေရမှာပေါ့" ဟုပြန်ပြောတတ်ပါသည်။ ထို့ကြောင့် ဖင်ကြီးအောင်မွေးထုတ်လိုက်သောမားမားကိုပင်အပြစ်တင်ရတော့မလို...
ထားပါတော့လေ...အခုတော့ဆယ်ပြားလိုနေဟန်ရှိသောအိမ်ထောင်ဦးစီးကိုချော့ရပါဦးမည်။