" နော်...အစ်ကိုရယ်...တစ်ပုံတည်းပါဗျာ...မသိသာပါဘူး လုပ်ပါလို့"
"ဟ၊ မသိသာစရာလား၊ စာအုပ်လှန်လိုက်ရင် မင်းပုံကြီးကပြဲခနဲထွက်လာပြီး ပရိသက်တွေပြူးခနဲဖြစ်သွားမှာကွာ..."
"လုပ်ပါလို့..."
အသံဩဩကိုခပ်အစ်အစ်လုပ်ရင်းတဂျီဂျီတောင်းဆိုနေတဲ့တစ်ဖက်ကဝမ်ရီပေါ်ရဲ့အသံကိုဖုန်းထဲကကြားနေတာနဲ့တင် Magazine အယ်ဒီတာ ခေါင်းတွေနောက်နေပြီ။ ရှောင်းကျန့်တစ်ယောက်တည်းအတွက်သီးသန်း Edition ထုတ်ပေးတဲ့ Elle မဂ္ဂဇင်းမှာ ကိုယ်တော်ချောကသူလဲပါချင်ပါတယ်တဲ့လေ။
အကြောင်းရင်းကတော့ ပေါင်းပေါင်းရှိတဲ့အရပ်မှာသူလည်းရှိချင်လို့ပါတဲ့...
လိ့!
"အစ်ကို..."
သံရှည်စွဲခေါ်လာပြန်တဲ့အသံကြောင့် အယ်ဒီတာခေါင်းကိုတဗြင်းဗြင်းကုတ်လိုက်သည်။
"ငါ Producer ကိုတစ်ချက်မေးပေးမယ်၊ သူက budget ထုတ်ပေးတာဆိုတော့ ဒီလိုကိစ္စမျိုးကသူကျေနပ်မှလုပ်လို့ကောင်းတာ၊ မဟုတ်ရင် ရှောင်းကျန့်လည်းမကောင်းဘူး"
ဘူးခံငြင်းနေရာကနေပျော့ပျောင်းသွားသောလေသံကြောင့် ဝမ်ရီပေါ်ပါးလုံးလုံးကြီးများဖောင်းအောင်ရယ်လိုက်သည်။ စိတ်ထဲမှလည်း
*YES!!! ဆိုကာကုလားဘုရားပွဲလှည့်နေပြီ။
ဒီပစိပစပ်များတဲ့အယ်ဒီတာခေါင်းငြိမ့်ရင်ရပြီ၊ Producer ကရှောင်းကျန့်နဲ့ငမ်းငမ်းတက်လက်တွဲချင်လွန်းလို့ ရှောင်းကျန့်အီးပါးမှုအဆင့်ဆင့်ကိုတောင်စာအုပ်ရိုက်ပြီး best seller လုပ်ချင်နေတဲ့သူ။ ဝမ်ရီပေါ်မေးရိုးများထောင်အောင်အံကြိတ်ပြထားလို့ငြိမ်နေတာ။
"ဟုတ်ကဲ့ပါအစ်ကို၊ ဟုတ်ကဲ့ ဟုတ်ကဲ့"
ဟုတ်ကဲ့ချင်းထပ်အောင်ပြောကာဖုန်းချချချင်း ရှောင်းကျန့်ကလျှော်ပြီးသားအဝတ်များပိုက်ကာအခန်းထဲဝင်လာသည်။
"ဘယ်သူနဲ့ပြောနေတာမို့လို့လဲ ဟုတ်ကဲ့ ဟုတ်ကဲ့နဲ့"
"ကောကလည်းဗျာ၊ ဟုတ်ကဲ့မပြောလို့ ကျွန်တော်ကအရင်ကတော့ရိုင်းစိုင်းနေတဲ့ပုံနဲ့"