Chapter 102

175 22 0
                                        

"အကြိမ်ရေမရေတွက်နိုင်လောက်အောင်...Stand Up...
ကောင်းကင်ဆီကိုဦးတည်ပြီး....Stand Up...
အဆုံးမရှိခြင်းဆီကို....Stand Up...
အနာဂတ်ဆီကို....Stand Up...
ဘယ်တော့မှနောက်ပြန်မကြည့်ဘဲ....Stand Up...
မိုးကုတ်စက်ဝိုင်းကြီးအတွက်...Stand Up...
နွေးထွေးမှုအတွက်...Stand Up...
မူလအစလောကကြီးအတွက်လည်း... Stand Up..."

ခန္ဓာကိုယ်ကိုဖြေးညှင်းစွာ Powerful moves တို့နှင့်လှုပ်ရှား၍ ခြေထောက်တို့ကလည်းရွှေ့လျားနေတုန်း လက်ကလည်းသံပုရာသီးခွံတစ်ခုနဲ့မိုက်ခရိုဝေ့ဗ်အတွင်းဘက်ကိုခပ်ကြမ်းကြမ်းပွတ်တိုက်နေသည်။ ဘေးမှာအပုံလိုက်ရှိကာ အရည်ကုန်နေသည့်သံပုရာသီးခွံတို့ကဝမ်ရီပေါ်ဘယ်လောက် လက်စွမ်းပြထားသလဲဆိုတာရဲ့သက်သေပင်။

"ဝူး...ဟူး...ဟူး...
ဝူး...ဟူး...ဟူး..."

စည်းချက်နှင့်လိုက်လျောညီထွေစွာလှုပ်ရှားနေမှုထဲပျော်ဝင်နေသည့်ရီပေါ်က မီးဖိုခန်းအဝင်ဝမှာမှီရင်းလက်ပိုက်ကာရပ်ကြည့်နေသည့်တစ်စုံတစ်ယောက်ကိုသတိမထားမိသေးပါ။

"Stand Up... ထျန်းနား!!!"

လက်တစ်ဖက်ကကိုင်ထားသည့်ထောပတ်ဘီယာအစွမ်းကြောင့် အပေါ်နှုတ်ခမ်းမှာအမြုပ်ဖြူဖြူတို့ကပ်နေသည့်ရှောင်းကျန့်က မတ်တပ်ကြီးစိုက်ကြည့်နေသည်မို့ရီပေါ်လန့်သွားရခြင်း။မျက်လုံးပြူးမျက်ဆန်ပြူးနှင့်ဖြစ်သွားသည့်ရီပေါ်ကိုကြည့်ပြီး ရှောင်းကျန့်ကနှုတ်ခမ်းထက်ပေနေသည့်အမြုပ်ဖြူဖြူကိုလျှာနှင့်သပ်လိုက်သည်။

"ကော ဘာလုပ်နေတာလဲဗျာ၊ အဲ့မှာမတ်တပ်ကြီးရပ်နေပြီးတော့"

အနားရောက်သွားကာမေးလိုက်တော့ ရှောင်းကျန့်ကပြူးကြောင်ကြောင်လေးကြည့်ပြီးပြန်ပြောလာခဲ့သည်။

"ဒီဘီယာသောက်ပြီးအမြုပ်လေးတွေပေနေတာချစ်စရာကောင်းတယ်ဆို၊ အဲ့ဒါကြောင့်ငါတစ်ပါကင်တောင်မှာထားတာ"

ပြောပြီးလက်ထဲမှာကိုင်ထားသောဖန်ခွက်ထဲကဘီယာတွေကိုတဂွတ်ဂွတ်သောက်ပြန်တော့ နှုတ်ခမ်းထက်မှာအမြုပ်တို့ကတင်သွားပြန်သည်။ တင်သွားသောအမြုပ်တို့ကိုလျှာနီနီလေးနှင့်သပ်လိုက်ပြီး မျက်စိတစ်ဖက်မှိတ်ပြသည့်ယုန်သားပေါက်က ကိုယ့်အန္တရာယ်ကိုယ်မသိပုံ။

Yizhan's Diary💚❤️ Part - IIWhere stories live. Discover now