ဝရန်တာထက်တွင် ခုံပုလေးခုကာမီးပုံနီနီလေးများချိတ်ဆွဲနေသောရှောင်းကျန့်က တိုက်အောက်ကိုလည်းငုံ့ငုံ့ကြည့်နေသည်။ နောက်ဆုံး သစ်ခွပန်းအိုးနားမှာ ကျားခေါင်းရုပ်နှင့်မီးအိမ်အနီလေးကိုချိတ်ဆွဲပြီးနောက်မှာတော့ ဘေးတံခါးဘောင်ကိုလက်ထောက်ပြီး ခုံပုလေးပေါ်ကဖြေးဖြေးချင်းသတိနှင့်ဆင်းရသည်။ အကြင်ခင်ပွန်းရှိလျှင်တော့ ဘယ်ပေါ်ကပဲပြုတ်ကျပြုတ်ကျအပြေးလာပြီး ဆီးကြိုပွေ့မှာဆိုပေမယ့် အခုလိုသူမရှိတဲ့အချိန်ကျကိုယ်သတိမထားလို့ ပြုတ်ကျရင်ကိုယ်ပဲနာမှာဖြစ်သည်။
အပြီးသတ်အလှဆင်ချိတ်ပြီးသွားတဲ့မီးပုံးလေးများကို အောက်ကနေမော့ကြည့်ရင်းရှောင်းကျန့်ပြုံးလိုက်သည်။ နှစ်သစ်ကူးနေ့ကျရင် အလှဆင်ဖို့ဆိုပြီးခွေးပေါက်လေးနှင့်အတူဝယ်ခဲ့တာဖြစ်သည်။ ညနေခင်းမှောင်ရိပ်သန်းမှပဲ မီးစာထည့်တော့မည်ဟုတွေ့ပြီး အိမ်ခန်းထဲကိုပြန်ဝင်လာခဲ့သည်။
"မားတို့ကလည်း ကြာလိုက်တာ..."
ရှောင်းကျန့်တတွတ်တွတ်ပြောနေရင်းထမင်းစားစားပွဲပေါ်မှာတင်ထားသည့် mart မှဝယ်လာသောဟင်းချက်စရာများကိုကြည့်လိုက်သည်။ မားတို့က ကားဂိတ်မှတန်းလာမှာဖြစ်တာကြောင့် နှစ်သစ်ကူးညစာအတွက်ဟင်းချက်စရာများကိုရှောင်းကျန့်ကပဲ ကြည့်ကြပ်ပြီးဝယ်ထားတာဖြစ်သည်။ မားကတော့ ရှောင်းကျန့်ဝယ်ထားတာတွေကိုကြည့်ပြီး စီစဉ်မယ်ပေါ့။
မားတို့လည်းရောက်မလာသေးတော့ ခွေးပေါက်လေးအကြိုက် Cola Chicken Wing ပဲကြိုချက်ထားရင်ကောင်းမလား...
*တင်းတောင်...
ရှောင်းကျန့်အထုတ်တွေကြည့်ပြီး အတွေးများနေတုန်း တံခါးဘဲလ်သံကထွက်ပေါ်လာသည်။ ထိုအခါမှ အတွေးထဲက cola chicken wing ထဲမြောနေတဲ့ရှောင်းကျန့် သတိဝင်လာတော့သည်။
"လာပြီ အိုမားရေ...လာပြီ..."
အော်အော်ဟစ်ဟစ်နှင့် တံခါးဖွင့်လိုက်မှ ရှောင်းမား ရှောင်းပါးနှင့်အတူ၊ ဝမ်မား ဝမ်ပါးတို့ကိုပါတွေ့လိုက်ရတော့မှ အော်ကြီးဟစ်ကျယ်ဖြစ်နေသောပါးစပ်လေးပိတ်သွားသည်။