Chapter 110

124 27 0
                                    

"ဟွန့်"

နှုတ်ခမ်းထော်နေတဲ့ဖုန်းစခရင်မ်ပေါ်က ဝက်ပေါက်လေးကိုကြည့်ပြီးရှောင်းကျန့်ချွေးပြန်နေရသည်။ ဝက်ပေါက်လေးဆိုပေမယ့် သူ့ထက်ကြီးတယ်ဆိုတာတော့ရှောင်းကျန့်သိပါသည်။ ဘာတွေတွေးနေကြတာလဲ...ရင်အုပ်ကြီး ဗလကြီးကိုပြောတာ ဟမ့်!

"ခွေးပေါက်လေးရာ၊ အဲ့လိုစိတ်ဆိုးဖြစ်မှာစိုးလို့ ကောကခုလိုကြိုပြောထားတာလေ၊ ပြီးတော့အခုမပြ နောက်ပြမှာပဲကို ခွေးပေါက်လေးကအဲ့လိုလုပ်နေတော့ ကောကစိတ်မကောင်းဖြစ်တာပေါ့"

ရှောင်းကျန့်ကမျက်နှာကိုဇီးစေ့ထက်တောင်ငယ်အောင်လုပ်လိုက်ပြန်တော့လည်း ဝမ်ရီပေါ်တို့အသည်းကပျော့ရပြန်တာပါပဲ။

"မဟုတ်ပါဘူး ကျန့်ကောရာ၊ စိတ်ဆိုးတာမဟုတ်ပါဘူး၊ ကောနဲ့အဲ့တစ်ယောက်ရိုက်ထားတာတွေကို မခံစားနိုင်လို့ပါ၊ ပြီးတော့..."

"ပြီးတော့?"

စကားစပြတ်သွားသည့်ကလေးပေါက်ကို မျက်ခုံးပင့်ပြကာမေးလိုက်တော့နှာခေါင်းကိုဟိုပွတ်ဒီပွတ်လုပ်ပြီးပြန်ဖြေလာသည်။

"ဇာတ်ကားစပြပြီဆိုတော့ promotion period လည်းစပြီလေ၊ အဲ့ဒါ... အား!!! အဲ့ဒါတွေကျွန်တော်မခံစားနိုင်ပါဘူးဆို အီး!!!"

ပြောနေရင်း ခေါင်းတွေရမ်းခါလာသောကောင်လေးကြောင့် ရှောင်းကျန့်သက်ပြင်းလေးကြီးကိုချလိုက်သည်။

"Promotion ကသိပ်မရှိတော့ပါဘူးရီပေါ်ရဲ့၊ အကုန်လုံး recording လုပ်ပြီးသားပဲလေ"

ရှောင်းကျန့်ရဲ့အချော့စကားကို ဝမ်ရီပေါ်ကခေါင်းဘယ်ညာခါယမ်းကာငြင်းပယ်လိုက်သည်။

"ကောတို့ပွဲတစ်ချို့တူတူတက်ရဦးမှာပဲလေ ဘယ်လိုပဲဖြစ်ဖြစ်"

"အင်း အဲ့ဒါလည်းဟုတ်တာပဲနော်"

မှဲ့နက်လေးထင်းသွားအောင်အောက်နှုတ်ခမ်းကိုကိုက်ကာ အူတူတူပုံစံလုပ်နေသောရှောင်းကျန့်ကိုကြည့်ပြီးဝမ်ရီပေါ်စိတ်လေချင်လာသည်။

နေပါဦး...ဒါဆို ကျန့်ကောကဘာတစ်ခုမှကြိုမစဉ်းစားထားဘူးဆိုတဲ့သဘောလား...?

Yizhan's Diary💚❤️ Part - IIWhere stories live. Discover now