*တီ...
အလင်းပင်မရောက်သေးဘဲအမှောင်ရိပ်သာသန်းနေသေးသော အရုဏ်တက်မရောက်တရောက်အချိန်တွင်တုန်ခါလာသောဖုန်းကြောင့် မီးအလင်းဖွင့်ထားသောအခန်းထဲမှ ကုတင်ပေါ်နှစ်ခြိုက်စွာအိပ်မောကျနေရာကနေ
ခေါင်းအုံးအောက်လက်ထိုးပြီးဟိုစမ်းဒီစမ်းရှာနေသည့်ကောင်လေးသည်
ရှာနေသည်ကိုတွေ့သွားပုံရသည်။ အဆက်မပြတ်တုန်ခါနေသောဖုန်းကိုတွေ့သွားမှ လက်ယာဘက်မှခေါင်းအုံးတစ်လုံးကိုပေါင်ကြားထဲထည့်ညှပ်လိုက်ကာ ဖုန်းကိုနားနားကပ်လိုက်သည်။
"ဝေ..."
"ရီပေါ်၊ ဒီနေ့ရိုက်ကွင်းက ၉နာရီမှစမယ်၊ ဆက်တင်နဲ့ပတ်သက်ပြီးပြဿနာနည်းနည်းရှိလို့တဲ့"
မန်နေဂျာလီဆီကသတင်းစကားကြောင့် ရီပေါ်ဖုန်းပြောရင်းနှင့် ဖုန်းကိုထောင်ကြည့်လိုက်သည်။ မနက် ၄နာရီခွဲ... အရင်ကခြောက်နာရီအရောက်ဟုပြောထားသောရိုက်ကွင်းကို အချိန်မတိုင်မီအမြဲတမ်းစောသွားတတ်သောရီပေါ်အတွက်
စောစောလှမ်းပြောပုံရသည်။
"အင်း...ဒါဆိုလည်းပြီးရော"
"၈နာရီခွဲလောက် ဟိုတယ်ကိုကားလာခေါ်မယ်"
"ဟုတ်"
ဖုန်းချပြီးတော့အနည်းငယ်မျက်လုံးကျယ်သွားသဖြင့်ဖုန်းကိုဖွင့်ပြီး ဟိုပွတ်ဒီပွတ်ခဏလုပ်လိုက်သည်။ ပြီးတော့မှ "ကိုယ့်အသည်းပေါင်ပေါင်း" ဆိုတဲ contact မှတ်ထားတဲ့
conversation ကိုဝင်လိုက်တော့ ည၁၀နာရီခွဲကပို့ထားသည့် "အရမ်းချစ်တယ် ကောရဲ့ခွေးပေါက်လေး 😘" ဆိုတဲ့စာလေးကိုကြည့်ပြီး ပါးမို့မို့များဖောင်းတက်သွားအောင်ရီပေါ်ပြုံးလိုက်သည်။
ကောကလေ လူတင်ချစ်ဖို့ကောင်းတာမဟုတ်ဘူး...ပြောတဲ့စကားတိုင်းကိုချစ်ဖို့ကောင်းနေတာ...
အတွဲတိုင်းဒီလိုစကားမျိုးပြောပါတယ်လို့ မင်းတို့ပြောနိုင်ပေမယ့်... လူချင်းအတူတူတောင်ကျန့်ကောကပြောလိုက်ရင် ပိုအဓိပ္ပာယ်ရှိပြီး ပိုချစ်ဖို့ကောင်းတာကွာ သိလား...သိမယ့်ပုံလည်းမပေါ်ကြပါဘူး...
