"အလွှမ်း...ငါ့မှာ ချစ်သူရှိနေပြီ"
မျက်နှာချင်းဆိုင်ထိုင်ခုံက ပျော်ရွှင်တက်ကြွစွာနဲ့ ပြုံးရယ်နေတဲ့ သူငယ်ချင်းဖြစ်သူ ဇွဲမာန်အား အလွှမ်း ကြည့်လိုက်မိသည်။သူ့အတွက်တော့ ဇွဲမာန်ရဲ့ ဒီလိုစကားတွေကို မကြာခဏ ကြားနေရတာမို့ မထူးဆန်းတော့ပေ။လက်ထဲက Menuကို လှန်ဖတ်ရင်း
"ဘယ်က ကောင်မလေးလဲ"
"ကောင်မလေးမဟုတ်ဘူး...ကောင်လေး"
ဒီစကားကို ကြားချိန်မှာတော့ အလွှမ်း မျက်တောင်လေးတွေ မသိမသာ လှုပ်ခတ်သွားရသည်။သူတို့ သူငယ်ချင်းတွေ ဖြစ်လာခဲ့တာ အသက်၁၀နှစ်လောက်ကတည်းကဖြစ်ကာ အခုဆို အသက်၂၂နှစ်ပင် ရှိနေပြီဖြစ်သည်။
ကြာရှည်လှတဲ့ သူငယ်ချင်းသက်တမ်းမှာ သူ့လိုဂေးတစ်ယောက်က ဇွဲမာန်ကို မချစ်ခဲ့ဖူးဆိုတာ လုံးဝမဖြစ်နိုင်ပေ။သူ ဇွဲမာန်ကို သူ့အသက်၁၆နှစ်ထဲက ချစ်ခင်ခဲ့တာဖြစ်သည်။
တစ်လျှောက်လုံး ဇွဲမာန်အနား အမြဲရှိပေးခဲ့သည်။သူ့ရဲ့ဂရုစိုက်မှုတွေ အနစ်နာခံမှုတွေကို ဇွဲမာန်က သိထားပေမဲ့ 'ယောကျ်ားတွေကို မကြိုက်ဘူး'ဆိုသည့် စကားတစ်ခွန်းထဲနဲ့ သူ့ကို ရှေ့ဆက်မတိုးစေခဲ့ပေ။
အခုကျတော့ ဇွဲမာန်မှာ ယောကျ်ားလေးရည်းစားတစ်ယောက် ရှိနေပြီတဲ့လေ။အလွှမ်း သူ့ခံစားချက်တွေကို ထိန်းချုပ်ကာ ဘာမှပြန်မပြောမိပေ။
"အလွှမ်း... မင်းဘာလို့ ဘာမှမပြောတော့တာလဲ"
ဇွဲမာန်က သူဘာမှမပြောတာကို သူသဘောမကျဘူးဟုထင်ကာ မျက်မှောင်ကျုံ့ရင်း မေးလေသည်။
"ငါက ဘာပြောရမှာလဲ"
"ပြောစရာတွေ အများကြီးဟာကို"
"ဒါဆို မင်းဘယ်တုန်းက ယောကျ်ားတွေကို ကြိုက်သွားတာလဲ"
သူ့စကားကြောင့် ဇွဲမာန်က ပြုံးဖြီးဖြီးဖြစ်လာကာ သူ့ဂုတ်သူ ပွတ်ရင်း
"ငါလည်း ငါယောကျ်ားတွေကို ကြိုက်မယ်လို့ မထင်ထားဘူး။သူ့ကို ပထမဆုံးစမြင်တဲ့အချိန်မှာ ငါ့ရင်တွေအရမ်းခုန်လာတာကွ။သူပြုံးလိုက်ရင် ပေါ်လာတဲ့ ပါးချိုင့်လေးကလည်း ငါ့ကို အသဲတယားယား ဖြစ်စေတယ်"
YOU ARE READING
First person
Romance"ရန်...ကျွန်တော်တို့တွေက အမြဲတမ်း ဒုတိယလူတွေ ဖြစ်ခဲ့တာ။အဲ့တော့ ကျွန်တော်တို့အချင်းချင်း ပထမလူ ဖြစ်ကြရအောင်"