အပိုင်း (၁၀)

629 83 5
                                    

ဒေါ်မေခေတ် သူမဆိုင်ထဲမှာ မျက်နှာလေးလန်းကာ ပြုံးရယ်နေသည့် အလွှမ်းကိုကြည့်ပြီး ဒီရက်ပိုင်း သူမကြားထားသည့်အကြောင်းက မှန်ကန်ကြောင်း သိလိုက်ပါသည်။

ဘေးအိမ်ကညီမတစ်ယောက် ညဘက်ပြတင်းပေါက်ထပိတ်တဲ့အချိန်မှာ သူမတို့အိမ်ရှေ့တွင် ကားတစ်စီးနဲ့ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရပြီး အလွှမ်းကိုလည်း ဝရံတာမှာ တွေ့တယ်လို့ ပြောခဲ့ပါသည်။

အစက ဒီအကြောင်းအရာဟာ ထူးဆန်းသဖြင့် ဒေါ်မေခေတ် လက်မခံခဲ့ပါ။သာမန်သူစိမ်းသူငယ်ချင်းတစ်ယောက်က မိုးချုပ်သန်းခေါင်ရောက်မှ လာတွေ့ပါ့မလဲ။ဒါပေမဲ့ ဘေးအိမ်ကညီမအပြင် အနီးအနားက အိမ်နီးချင်းတစ်ချို့ပါ လမ်းကြုံရင် ပြောပြသွားတာမို့ သူမလက်ခံလိုက်ရသည်။

အလွှမ်းတစ်ယောက် ဇွဲမာန်ကြောင့် အခြားတစ်ယောက်ကို မချစ်နိုင်လောက်ဘူးဟု ထင်ခဲ့ပေမဲ့ အခုတော့ သူမစိတ်အေးသွားလေပြီ။ခွန်းရာဆီမှလည်း တစ်ဖက်ကောင်လေးအကြောင်းကို မေးမြန်းစုံစမ်းကြည့်တော့ အင်ဂျင်နီယာလေးဖြစ်နေတာမို့ စိတ်သက်သာသွားရသည်။

သားဖြစ်သူရွေးချယ်လိုက်တာက ဘယ်လိုလူမျိုးဖြစ်ဖြစ် လက်ခံမှာဖြစ်ပေမဲ့ ပညာတတ်လေးဆိုရင်တော့ သူမရင်အေးရသည်လေ။

ဒေါ်မေခေတ် ခွန်းရာနဲ့စကားပြောနေသည့် အလွှမ်းကိုခေါ်လိုက်ပြီး

"အလွှမ်း...ဆိုင်မှာလူရှင်းနေပါပြီ။သားလည်း ရာလေးကို တစ်ခုခုလိုက်ဝယ်ကျွေးလိုက်ဦး"

အလွှမ်း သူ့အမေစကားကြောင့် ဆူပုပ်ကာ

"သူက ဘောစိနော် မေမေ။သူကတောင် ဝယ်ကျွေးရဦးမှာ"

ဒေါ်မေခတ် ပြုံးလိုက်ပြီး

"အမေတို့ခေတ်ထဲက ရည်းစားရပြီဆိုရင် သူငယ်ချင်းတွေကို မုန့်ဝယ်ကျွေးရတာဘဲလေ"

"ဟားဟား....ဘာတတ်နိုင်သေးလဲ မောင်အလွှမ်း။ဒီနေ့ ဘာပဲဖြစ်ဖြစ် မင်းငါ့ကို ဝယ်ကျွေးရမှာဘဲ"

အလွှမ်း ဒေါ်မေခေတ်ကို ရှက်ပြုံးလေးပြုံးပြလိုက်ပြီး ခွန်းရာကိုတော့ ဒေါသတကြီး ကန်ထည့်လိုက်သည်။ထို့နောက် နှစ်ယောက်သား ခွန်းရာရဲ့ ကိတ်ဆိုင်ကို သွားလိုက်ရသည်။

First personTempat cerita menjadi hidup. Temukan sekarang