အလွှမ်း ရန်နဲ့ဖုန်းပြောပြီးကတည်းက ပြန်အိပ်လို့ မရတော့ပေမဲ့ ဟိုလှိမ့်ဒီလှိမ့်လုပ်ရင်း ခဏလောက် အိပ်ရာထဲ နေလိုက်သေးသည်။
၅နာရီလောက်မှ အိပ်ရာထဲကထကာ သွားတိုက်မျက်နှာသစ်ပြီး ရေမိုးချိုးတော့သည်။ပူအိုက်သည့်မတ်လမို့ မနက်ခင်းရေချိုးရတာ အဆင်ပြေလှသည်။
ရေချိုးပြီးတာနဲ့ တီရှပ်အဖြူလေးကောက်ဝတ်ကာ အနက်ရောင် Stylingဘောင်းဘီတိုလေး ဝတ်လိုက်သည်။
ပြီးတာနဲ့ မျက်နှာအတွက် UV creamလေးလိမ်းပြီး ဆံပင်ကိုလည်း သေချာဖြီးလိုက်သည်။သူ့ဆံပင်က ကိုရီးယား idolစတိုင် ခပ်အုပ်အုပ်လေးမို့ သိပ်ပြီးတော့ မပြင်ဆင်ရပေ။
သူအကုန်ပြီးစီးသွားတော့ ၆နာရီထိုးနေလေပြီ။ချိန်းထားတာက ၇နာရီမို့လို့ သူလည်း အားနေတုန်း ပိတ်ထားသည့်ပြတင်းပေါက်တွေကို လိုက်ဖွင့်တော့သည်။
ပြတင်းပေါက်ဖွင့်ရင်း ခြံရှေ့မှာ ရပ်စောင့်နေသည့် လူတစ်ယောက်ကို မြင်လိုက်ရသည်။၆နာရီပေမဲ့ နေကပွင့်နေပြီမို့ ဘယ်သူလဲဆိုတာ သေချာမြင်ရလေသည်။
အလွှမ်း အပြင်မှာရပ်စောင့်နေသည့် ရန့်ကိုကြည့်ပြီး ပြုံးလိုက်မိသည်။သူအချိန်မဆွဲတော့ဘဲ ဖုန်းကိုယူကာ ရန့်ဆီသွားလိုက်သည်။
အိမ်အောက်ထပ်မှာ ဆိုင်မသွားခင် မနက်စာပြင်နေသည့်မေမေက သူ့ကိုတွေ့တော့ အံ့သြသွားကာ
"အလွှမ်း...သားမနက်အစောကြီး ဘယ်သွားမလို့လဲ။သွားမယ်ဆိုရင်လည်း မနက်စာစားသွားလေ"
"မေမေ...သား သူငယ်ချင်းတစ်ယောက်နဲ့ မနက်စာစားဖို့ ချိန်းထားလို့။မနက်စား စားမသွားတော့ဘူး"
အလွှမ်း အိမ်ကမထွက်ခင် မေမေ့ပါးကို နမ်းလိုက်ပြီး အိမ်အပြင်သို့ မပြေးရုံတမယ် အမြန်သွားလိုက်သည်။ရန်က သူ့ကိုတွေ့တာနဲ့ ပြုံးပြလာပြီး
"မလောလည်း ရပါတယ်။ချိန်းထားတဲ့အချိန်ကိုလည်း မရောက်သေးဘူးလေ"
"ဒါဆိုဘာလို့ အစောကြီး ရောက်နေတာလဲ"
အလွှမ်းမေးခွန်းကြောင့် ရန်က ရှက်ကိုးရှက်ကန်းဖြင့် ဟိုကြည့်ဒီကြည့်လုပ်ကာ
VOUS LISEZ
First person
Roman d'amour"ရန်...ကျွန်တော်တို့တွေက အမြဲတမ်း ဒုတိယလူတွေ ဖြစ်ခဲ့တာ။အဲ့တော့ ကျွန်တော်တို့အချင်းချင်း ပထမလူ ဖြစ်ကြရအောင်"