အပိုင်း (၂၇)

413 56 4
                                    

အချိန်တွေက တဖြည်းဖြည်းနဲ့ကုန်ဆုံးလာကာ သင်္ကြန်ပြီးတာ သုံးလတောင် ရှိသွားခဲ့လေပြီ။ဒီကြားထဲမှာ အလွှမ်းနဲ့ရန့်ရဲ့အချစ်ဟာ ပိုမိုခိုင်မြဲလာခဲ့သလို ဘာအနှောင့်အယှက်မှလည်း မရှိခဲ့ပါ။

ဒါက အလွန်ကံကောင်းသည်ဟု ဆိုနိုင်ပါသည်။ဒီလိုချစ်ခြင်းမျိုးက မိဘတွေကို အလွယ်တကူလက်မခံစေတာကြောင့် တချို့ဆို ဖိအားတွေများကာ သတ်သေတာတွေရှိပါသည်။အဲ့လိုသတင်းမျိုးတွေကြားလျှင် လူတချို့က သနားကြသလို တချို့ကလည်း ဝေဖန်ပြစ်တင်ကြသည်။

အလွှမ်းအနေနဲ့ တခြားLGBT စုံတွဲတွေကို သူတို့လို ကံကောင်းစေချင်ပါသည်။အနည်းဆုံးမိဘအသိုင်းအဝိုင်းက လက်ခံပေးတာမျိုး ဖြစ်စေချင်ပါသည်။

အရင်တစ်လက ရန့်မိဘတွေက ဘုရားဖူးခရီးတစ်ခုထွက်ခဲ့ပြီး သူနဲ့မေမေ့ကိုပါ ခေါ်သွားခဲ့သည်။ရန်တို့ညီအကိုကတော့ အလုပ်တွေနဲ့မို့ ရန့်အဖေက ထားပစ်ခဲ့သည်။

အခုဆို သူက ရန့်မိဘတွေရဲ့အချစ်ဆုံးတောင် ဖြစ်နေပြီဖြစ်သည်။ရန်ကတော့ ထိုသို့ဖြစ်နေတာကို သဘောကျနေတော့သည်။

အကိုကြီးလင်းကမ္ဘာမာန်ကတော့ ခွန်းရာကြောင့် အမြဲစိတ်အနှောင့်အယှက်ဖြစ်နေရတာမို့ မျက်နှာလေးတောင် ချောင်ကျသွားသည်။အကြောင်းကတော့ ခွန်းရာကို ပုန်းနေရလို့ပါဘဲ။ဒါပေမဲ့ ခွန်းရာလက်က ပြေးမလွတ်ပါဘူး။

ဒီနေ့လည်း အရင်နေ့တွေလိုဘဲ လင်းကမ္ဘာမာန်တစ်ယောက် ခွန်းရာကိုပုန်းဖို့ အလွှမ်းတို့အထည်ဆိုင်လေးကို ရောက်လာပြန်ပါပြီ။

"အကို...ဒီနေ့လည်း ဒီမှာလာပုန်းပြန်ပြီ"

"ငါ့မှာလည်း ပုန်းစရာဆိုလို့ ဒီနေရာဘဲ ရှိတာကို"

"အကို...အမြဲဒီမှာ လာပုန်းနေတာက အခြားနေရာမှာပုန်းရင် ခွန်းရာမသိမှာဆိုးလို့မလား"

"ဘယ်...ဘယ်ကဟုတ်ရမှာလဲ။ငါ့မှာ ပုန်းစရာဆိုလို့ ဒီနေရာဘဲ ရှိတာပါဆို"

အလွှမ်း စကားထစ်သွားတဲ့ လင်းကမ္ဘာမာန်ကိုကြည့်ပြီး ကြိတ်ရယ်မိသည်။

"ဟုတ်ပါပြီ။ဒါပေမဲ့ အမြဲဖမ်းမိနေတာဘဲကို ဘာလို့ပုန်းနေတာလဲ"

First personOù les histoires vivent. Découvrez maintenant