အပိုင်း (၁၆)

558 67 2
                                    

အချိန်တွေက အကုန်မြန်ကာ တစ်ပတ်ဆိုသည့်အချိန်ကလည်း ခပ်မြန်မြန်ဘဲ ကုန်ဆုံးသွားပြီး အားလုံးစောင့်မျှော်နေကြသည့် သင်္ကြန်အခါသမယကို ရောက်ရှိလာပါသည်။

ဒီတစ်ပတ်အတွင်း ရန်က အလုပ်တွေသိပ်များတော့ပေမဲ့ လုပ်ငန်းခွင်ကိုတော့ နေ့တိုင်းသွားကြည့်ရတာမို့ အလွှမ်းကို ညနေလောက်မှ လာတွေ့တတ်သည်။

သူလာတွေ့တိုင်း အလွှမ်းအတွက် မုန့်တစ်မျိုးပြီးတစ်မျိုး ဝယ်ပေးပြီး ဒေါ်မေခေတ်အတွက်ပါ ပါလေသည်။ရန်က ဒေါ်မေခေတ်နဲ့ တရားဝင်မတွေ့ရသေးပေမဲ့ လေးစားသမှုတော့ ရှိပါသည်။

ထို့ကြောင့် ဒေါ်မေခေတ်ကလည်း ရန့်ကို သမက်လောင်းအဖြစ် အသိအမှတ်ပြုထားပါသည်။ဒီနေ့က သင်္ကြန်အကြိုနေ့မို့ မနက်စောစောထဲက အလွှမ်းအိပ်ရာထဖြစ်သည်။

ပြီးတာနဲ့ ရေမိုးချိုးပြီး ရန်နဲ့အတူ ဘုန်းကြီးကျောင်းသွားရန် ရန်လာခေါ်မှာကို စောင့်နေလိုက်သည်။ရန်ရောက်လာတော့ အလွှမ်းလည်း အိမ်အပြင်ဘက်က ရန့်ဆီကို သွားလိုက်သည်။

မနက်စောစောသာရှိသေးသော်လည်း ရန့်တစ်ကိုယ်လုံး စိုရွှဲနေလေပြီ။ကလေးတွေက မျက်လုံးပွင့်ထဲက ရေပတ်နေပုံရသည်။

"ရန်...ကားနဲ့မလာဘူးလား"

"ညက အကိုက သူ့ကားပျက်လို့ဆိုပြီး ကိုယ့်ကားကို ယူသွားတယ်...ပြန်လာတော့ ကိုယ့်ကားရဲ့မှန်က တစ်စစီဖြစ်နေလို့ ကားပြင်ဆိုင်ကို ပို့ထားရတယ်"

အလွှမ်းခေါင်းငြိမ့်လိုက်ပြီး ရန့်ကိုကြည့်လိုက်သည်။ဒီနေ့သူတို့နှစ်ယောက်စလုံး အင်္ကျီအဖြူလက်ရှည်ကို ဝတ်ထားကြသည်။ရန်က ပုဆိုးအနီရောင်အတွက်လေးဝတ်ထားကာ အရမ်းကိုမှ သန့်ပြန့်နေသည်။အလွှမ်းက ယောပုဆိုးနီညိုလေး ဝတ်ထားသဖြင့် နှစ်ယောက်သားက ဆင်တူဝတ်ထားသလို ဖြစ်နေသည်။

ရန်က ပုဆိုးဝတ်ထားတဲ့အလွှမ်းဟာ အရမ်းကို ချစ်ဖို့ကောင်းတယ်လို့ ထင်မိတာကြောင့် သူ့ရဲ့ရေတွေရွှဲနေသောလက်ဖြင့် အလွှမ်းပါးလေးအား ဆွဲညှစ်လိုက်သည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် အလွှမ်းပါးလေးအား သူညှစ်လိုက်တာနဲ့ ခြံတံခါးထဲက ဒေါ်မေခေတ်ထွက်လာလေသည်။သူလည်း အမြန်လက်ရုတ်လိုက်ပြီး

First personDonde viven las historias. Descúbrelo ahora