အပိုင်း (၁၃)

662 79 5
                                    

အလွှမ်း စိတ်တိုနေသောရန့်ကို ပထမဆုံး မြင်ဖူးခြင်း ဖြစ်သည်။ကားမောင်းနေတာတောင် မျက်မှောင်ကြီးကကျုံ့ထားဆဲပင်။ရန်က သူ့ကိုစိုးရိမ်ပေးပြီး သူ့အရှေ့မှာ မားမားမတ်မတ် ရပ်တည်ပေးခဲ့တာတွေကြောင့် သူ့ရင်ထဲက ရန့်နေရာဟာ ပိုပြီးကြီးမားလာခဲ့သည်။

အလွှမ်း ကားမောင်းနေသောရန့်ပါးကို လှမ်းနမ်းလိုက်သည်။သူလည်း နမ်းလိုက်ကော ကားက ရပ်သွားလေသည်။ရန်က သူ့ဘက်ကို ကြည့်လာပြီး

"ကိုယ်စိတ်တိုတယ်။ကိုယ့်အရှေ့မှာ ကိုယ့်ချစ်သူကို လက်ရွယ်တာက ကိုယ့်ကို သတိပေးနေတယ်။မင်းအမြဲတမ်း သူ့ကို ကာကွယ်မပေးနိုင်ဘူးလို့လေ။အလွှမ်း... ကိုယ်စိုးရိမ်တယ်။ကိုယ်မင်းကို အမြဲတမ်းမကာကွယ်ပေးနိုင်တာကို"

အလွှမ်း ရန့်ကို ပြုံးပြလိုက်ကာ ရန့်လက်ကို ဆုပ်ကိုင်ရင်း

"ရန်...ကျွန်တော်က ကိုယ့်ကိုယ်ကို ကာကွယ်နိုင်စွမ်းမရှိတဲ့ ကလေးတစ်ယောက် မဟုတ်ပါဘူး။ဒါပေမဲ့ ခင်ဗျား ကျွန်တော့်ကို ကာကွယ်ပေးတာကို သဘောကျတယ်။ကျွန်တော့်အနားမှာ ရှိနေတာကို သဘောကျတယ်။ဒါက ကျွန်တော်ဖြစ်ချင်တဲ့အရာဘဲ။ဒီလိုဆိုတိုင်း ခင်ဗျား အလုပ်မလုပ်လို့ မရသလို ကျွန်တော်ကလည်း အမြဲအန္တရာယ်တွေ ကြုံနေမှာမဟုတ်ဘူး။ခင်ဗျား စိတ်ချထားပါ။ကျွန်တော့်မှာလည်း ကိုယ့်ကိုယ်ကို ကာကွယ်နိုင်စွမ်းရှိပါတယ်"

ရန် အလွှမ်းကို ဖက်လိုက်သည်။သူတို့နှစ်ယောက်ရဲ့ စတင်ခြင်းက အချစ်နဲ့မဟုတ်ခဲ့ပေမဲ့ အဆုံးကတော့ အချစ်နဲ့သာဖြစ်မည်ဆိုတာကို သူသေချောပေါက် ယုံကြည်လေသည်။

"အလွှမ်းသိလား။ကိုယ်က ဝတ္ထုတွေ ရုပ်ရှင်တွေထဲကလို စိတ်ကူးယဥ်ဆန်ဖို့ကောင်းတဲ့လူမဟုတ်တဲ့ သာမန်လူတစ်ယောက်ဘဲ။နက်နဲပြီးပြင်းပြတဲ့အချစ်ဝတ္ထုတွေထဲကလို ရယူပိုင်ဆိုင်ချင်တဲ့အချစ်မျိုး ပေးဆပ်ရတဲ့အချစ်မျိုး ကိုယ့်မှာမရှိဘူး။ကိုယ့်ရဲ့အချစ်က ပေးနိုင်တာထက်ပိုပေးပြီး ရနိုင်သမျှ ပြန်ယူမဲ့အချစ်မျိုးဘဲ"

ထိုစကားပြောပြီးတာနဲ့ ရန်က အလွှမ်းနှုတ်ခမ်းလေးကို ဖိကပ်လိုက်သည်။အလွှမ်းကတော့ မျက်လုံးကို စုံမှိတ်ထားလေသည်။

First personDonde viven las historias. Descúbrelo ahora