အပိုင်း (၁၄)

633 75 8
                                    

ရန်က အလွှမ်းကို နေရာတစ်နေရာကို ခေါ်လာသည်။ထိုနေရာလေးက ခြံဝန်ကျယ်ကျယ်လေးနဲ့ တိုက်အိမ်လေးဖြစ်သည်။တိုက်အိမ်လေးက မသေးလွန်းသလို ကြီးလည်းမကြီးပါဘူး။အလွှမ်းတို့အိမ်ထက်တော့ ကြီးနေပါသေးသည်။

ခြံဝန်းက အရမ်းကျယ်ပြီး တိုက်အိမ်ဘေးတွင် ရေကန်သေးသေးလေးလည်း ရှိသေးသည်။အလွှမ်းကိုပိုပြီးသဘောကျစေတာက တိုက်အိမ်ရဲ့အရောင်ပါဘဲ။အဲ့တာက သူအရမ်းကြိုက်ရတဲ့ အဝါရောင်လေးပါ။

အဝါရောင်လေးချယ်ထားပြီး ရိုးရိုးရှင်းရှင်းလေးနဲ့ နေချင်စရာကောင်းလှသည်။ခြံထဲမှာလည်း လျှောက်လမ်းလေးလုပ်ပေးထားပြီး အနားယူရမည့်နေရာလေးတစ်ခုပါ တည်ဆောက်ထားသည်။

ရန်က အလွှမ်းသဘောကျနေတာကိုမြင်တော့ ပြုံးလိုက်ပြီး

"သဘောကျလား...ဒါက ကိုယ်ကိုယ်တိုင် ဒီဇိုင်းဆွဲပြီး ဆောက်ထားတာ...ကိုယ်တို့နေဖို့အတွက်လေ"

အလွှမ်း ရန့်ကို တအံ့တသြကြည့်လိုက်ကာ

"ရန်...ကျွန်တော်တို့နှစ်ယောက်တွဲတာ ဘယ်လောက်မှတောင် ရှိသေးတာမဟုတ်ဘူးလေ။အဲ့တာတောင် ဒီလိုမျိုးအထိ ရည်ရွယ်ထားတာလား"

"ကိုယ်က မင်းနဲ့စတွဲထဲက အနာဂတ်အထိကို ကြိုစဥ်းစားထားတာ။မင်းက အဲ့လိုမျိုး မစဥ်းစားထားဘူးလား"

ရန့်ရဲ့စကားကြောင့် အလွှမ်းပြုံးလိုက်ပြီး

"ရန်...ခင်ဗျားက ထူးတော့ထူးဆန်းတယ်။ဒါပေမဲ့ ကျွန်တော်သဘောကျတယ်"

ရန်က သူ့ကိုယ့်သူ ဘာနားက ထူးဆန်းလဲဆိုတာကို စဥ်းစားမရပေ။

"ဘာကထူးဆန်းတာလဲ။ဒါက သာမန်ရိုးကျဘဲလေ"

"ရန်မသိဘူးလား။ချစ်လို့တွဲကျတဲ့အတွဲတိုင်းတောင် လက်ထပ်ဖို့အထိ ကြိုတွေးကြတာမဟုတ်ဘူး။အဲ့လိုဘဲ။လက်ထပ်ဖို့ကြိုမတွေးဘဲ လက်ထပ်သွားတာမျိုးလည်း ရှိတော့ရှိတယ်။ဒါပေမဲ့ အများစုက ကိုယ်နဲ့အမြဲတမ်းလက်တွဲသွားမဲ့သူကို သေချာစဥ်းစားကြတယ်လေ"

"ကိုယ်လည်း သေချာစဥ်းစားခဲ့တာပါ"

အလွှမ်း ရန့်ရဲ့တည်ကြည်လေးနက်နေသောမျက်ဝန်းတွေကိုကြည့်ပြီး နှလုံးခုန်လာသည်။

First personOnde histórias criam vida. Descubra agora