အလွှမ်း ရန့်ရင်ခွင်ထဲမှာလှဲနေရင်း အရှက်သည်းနေမိသည်။သူ့မှာ အခန်းက မှောင်မဲနေတာကြောင့် မနက်သာ ရှိသေးကြောင်း မေ့သွားခဲ့သည်။ရန့်ရင်ဘတ်ကို ရိုက်လိုက်ပြီး
"ခင်ဗျားကြောင့်"
ရန်က ခပ်ပြုံးပြုံးနဲ့ပင် အလွှမ်းဆံပင်လေးတွေကို ဖွလိုက်ရင်း
"ကိုယ်ဘာလုပ်မိလို့လဲ"
"အခုမှ နေ့ခင်းတောင် မရောက်သေးတာကို။ခင်ဗျားက ညလို့ ထင်အောင်လုပ်လိုက်တယ်လေ"
"ကိုယ်က ရုပ်ရှင်ကြည့်ချင်ရုံလေးပါဘဲ။ဒါပေမဲ့ ဘယ်သူလဲ မသိပါဘူး။အရင်လာစတယ်လေ"
အလွှမ်း ထထိုင်လိုက်ကာ
"ဒီတော့ ခင်ဗျားက ကျွန်တော်စလို့ပေါ့ဟုတ်လား။ကောင်းပြီ။နောက်ဘယ်တော့မှစမယ် မထင်နဲ့တော့"
ရန် အလွှမ်းကို ဖက်လိုက်ကာ
"ကိုယ့်အမှားပါ။အကုန်ကိုယ့်အမှား။ခွင့်လွှတ်ပေးပါနော်"
"ဟွန့်...ဒီလောက်နဲ့ ခွင့်လွှတ်ပေးရမယ်လား။ဝေးသေးတယ်"
"ဒါဆိုလည်း...."
ရန် အလွှမ်းပါးလေးအား မွှေးကြူလိုက်ပြိး
"ခွင့်လွှတ်ပါနော်"
အလွှမ်း ပြုံးချင်သော်လည်း အောင့်ထားကာ
"ဒီလိုလုပ်လို့ ခွင့်လွှတ်မယ်မထင်နဲ့"
"ကောင်းပြီလေ"
ရန် အလွှမ်းတစ်ကိုယ်လုံးကို သိမ်းကျုံးဖက်လိုက်ကာ ပါးနှစ်ဖက်ကိုနမ်းလိုက်သည်။ပြီးနောက် နဖူး၊မေးစေ့၊နှုတ်ခမ်းမကျန် မျက်နှာတစ်ပြင်လုံးကို နမ်းတော့သည်။တစ်ခါနမ်းတိုင်း "ခွင့်လွှတ်မယ်မလား"ဟုပြောကာ ခွင့်လွှတ်တယ်မပြောမချင်း နမ်းနေတော့သည်။
နောက်ဆုံးတော့ အလွှမ်းလည်း ပြုံးရယ်ကာ ခွင့်လွှတ်တယ်လို့ ပြောလိုက်ရသည်။နှစ်ယောက်သား နေ့ခင်းထမင်းစားချိန်လောက်မှ အခန်းထဲက ထွက်တော့သည်။
အလွှမ်းက အလုပ်သမားများ၏ ပြုံးစိစိမျက်နှာကြောင့် ရှက်လာရသည်။အကြောင်းကတော့ ရန်က ပွေ့ချီထားလို့ပင်ဖြစ်သည်။အလွှမ်း ရန့်ရဲ့နားကိုကပ်ကာ
YOU ARE READING
First person
Romance"ရန်...ကျွန်တော်တို့တွေက အမြဲတမ်း ဒုတိယလူတွေ ဖြစ်ခဲ့တာ။အဲ့တော့ ကျွန်တော်တို့အချင်းချင်း ပထမလူ ဖြစ်ကြရအောင်"