အပိုင်း (၂၀)

545 64 3
                                    

ရန်ရဲ့စကားကြောင့် အလွှမ်းဟာ ပါးချိုင့်ကလေးများ ပေါ်သည်အထိ ပြုံးမိသွားသည်။ပြီးနောက် အသံတိုးတိုးလေးဖြင့်

"အွန်း...ကျွန်တော်ကောဘဲ"

"ဟင်...ဘာပြောလိုက်တာလဲ"

ရန်က ကြားပေမဲ့ မကြားချင်ယောင်ဆောင်ကာ ပြန်မေးလိုက်သည်။ရန့်အကြောင်းသိနေသည့် အလွှမ်းက ရန့်ကို သတိပေးသည့်အကြည့်ဖြင့် မော့ကြည့်လိုက်သည်။

အလွှမ်းအ​ကြည့်ကို သိနေသည့်ရန်က ခပ်ဖြည်းဖြည်းရယ်လိုက်ပြီး

"တကယ်မကြားတာပါဆို"

ထိုသို့ပြောလည်း အလွှမ်းက စိုက်ကြည့်ဆဲပင်။ရန်လည်း ပြုံးလိုက်ပြီး မတ်တပ်ရပ်တာကနေ ဒူးတစ်ဖက်ထောက်ကာ ထိုင်လိုက်သည်။ထို့ကြောင့် ထိုင်နေသည့်အလွှမ်းနဲ့ မျက်နှာတစ်တန်းတည်း ဖြစ်သွားသည်။

ထို့နောက် အလွှမ်းအား ချစ်မြတ်နိုးစွာ ကြည့်လိုက်ကာ

"ကိုယ်က မင်းချစ်တယ်လို့ပြောတာကို သေချာကြားချင်လို့ပါ"

အလွှမ်းလည်း ရှက်သွေးဖြာသွားပြီး

"ကျွန်တော်လည်း ချစ်တယ်"

"ဘယ်သူ့ကို?"

"ခင်ဗျားကို"

"နာမည်နဲ့ကြားချင်တယ်"

အလွှမ်း ဆူပုတ်သွားပြီး

"ရန်...ခင်ဗျားက ရစ်လိုက်တာ"

"ကိုယ်တကယ်ကြားချင်လို့ပါ"

"မြန်မာဇာတ်ကားတွေထဲကလို 'ကျွန်မကလည်း ရှင့်ကို ချစ်ပါသတဲ့ရှင်'ပုံစံမျိုးလား"

"မင်းကြိုက်သလိုပြောလို့ရတယ်"

"ကောင်းပြီ"

အလွှမ်း ရန့်မျက်လုံးကို သေချာစိုက်ကြည့်လိုက်ပြီး

"မင်းဍီကာရန်လို့အမည်ရတဲ့ ကျွန်တော့်ကောင်လေး ရန်ရေ...ဒီက လွှမ်းခေတ်တံခွန်လို့အမည်ရတဲ့ ခင်ဗျားကောင်လေးအလွှမ်းက ခင်ဗျားချစ်သလို ခင်ဗျားကို ချစ်နေပါတယ်ဗျ"

ရန် ပြုံးလိုက်ပြီး အလွှမ်းပါးလေးအား ရွတ်ခနဲ နမ်းလိုက်သည်။အလွှမ်းကလည်း  တစ်ကမ္ဘာလုံးမှာ အပျော်ဆုံးလူတစ်ယောက်လို ပြုံးရယ်နေတော့သည်။
..................

First personHikayelerin yaşadığı yer. Şimdi keşfedin