အပိုင်း (၂၈)

455 49 2
                                    

အလွှမ်းတို့ အခန်းထဲဝင်သွားတော့ ဇွဲမာန်က မျက်နှာကျက်ကိုဘဲ မျက်တောင်မခတ် ကြည့်နေလေသည်။လူတွေဝင်လာမှန်း သိပုံရသော်လည်း ဘာမှပြောချင်စိတ်မရှိသလိုပင်။

"ဇွဲမာန်...ငါနဲ့အလွှမ်းနဲ့ မင်းကိုလာကြည့်တာ။မင်းသက်သာရဲ့လား"

ဇွဲမာန်က မျက်နှာကျက်ကို ကြည့်နေရာကနေ ခွန်းရာနဲ့အလွှမ်းကိုကြည့်လိုက်ပြီး ခေါင်းငြိမ့်ပြသည်။ပြီးတာနဲ့ မျက်နှာကျက်ကိုဘဲ ပြန်ကြည့်နေသည်။

"ငါတို့နဲ့ စကားမပြောချင်ဘူးလား"

အလွှမ်း မေးလိုက်တော့ ဇွဲမာန်က သူတို့ကို ထပ်ကြည့်လာသည်။

"ငါက မင်းတို့နဲ့ ဘာပြောရမှာလဲ။ငါက ဒုက္ခိတဖြစ်တော့မဲ့အကြောင်းလား။ငါက ပိုင်မိုးလမ်းခွဲတာခံလိုက်ရတဲ့အကြောင်းလား"

"မင်းယောကျ်ားမဟုတ်ဘူးလား။ဒီလောက်လေးနဲ့ လောကကို အရှုံးပေးလိုက်သလို လုပ်နေရလား"

ခွန်းရာစကားကြောင့် ဇွဲမာန်က ခွန်းရာကို ဒေါသတကြီး ကြည့်လိုက်ကာ

"ဒီလောက်လေး?ဒါဆို မင်းခံကြည့်လိုက်လေ"

"မင်းက ငါပြောတာ နားမလည်ဘူးဘဲ။ငါက မင်းကို စိတ်မပျက်ရဘူး၊ဝမ်းမနည်းရဘူးလို့ ပြောနေတာမဟုတ်ဘူး။မင်းကိုအနာဂတ်အတွက် အရှုံးမပေးခိုင်းတာ။ကြည့်လိုက်တာနဲ့ မင်းက ကိုယ့်ကိုယ်ကို သတ်သေချင်နေမှန်း ငါသိနေတယ်။အနည်းဆုံးတော့ မင်းက မွေးရာပါမသန်မစွမ်းတွေထက် သာပါသေးတယ်။နှစ်၂၀လောက် ပျော်ရွှင်ခဲ့ရတာပဲလေ"

"ခွန်းရာ... မင်းက ငါ့လိုအဖြစ်အပျက်မှ မဖြစ်ဖူးတာ။ငါ့ကို ဘယ်လိုနားလည်နိုင်ပါ့မလဲ။မင်းရဲ့စကားတွေက ကြားရတာတော့ နားထောင်လို့ကောင်းပါတယ်။ဒါပေမဲ့ အဲ့တာက ငါ့ကိုမနှစ်သိမ့်နိုင်ဘူး။ငါသေချင်တယ်။ငါသေမှရမှာ"

"ဒါဆိုလည်း အဲ့ဒီရန်ပွဲမှာထဲက တစ်ခါထဲ မသေလိုက်လဲ"

ဒီတစ်ခါကတော့ အလွှမ်းပြောလိုက်တာဖြစ်သည်။ခွန်းရာရောဇွဲမာန်ရောနှစ်ယောက်စလုံးက သူ့ကို ကြည့်လိုက်ကြသည်။

"ငါပြောမယ် ဇွဲမာန်။အခု ဒီမှာရှိနေတဲ့သူတွေက မင်းကိုလှောင်ဖို့ လာကြတာ မဟုတ်ဘူး။မင်းကို ဂရုတစိုက်နဲ့ နှစ်သိမ့်ပေးဖို့ပဲ။မင်းအနေနဲ့ ငါတို့စကားကို လက်မခံချင်ရင်တောင် မင်းရဲ့ဦးနှောက်ကို သေချာသုံးစမ်းပါ။မင်းကိုယ့်ကိုယ်ကို သတ်သေလိုက်လို့ သေသွားရင် နာကျင်ရမှာက ငါတို့မဟုတ်ဘူး။မင်းရဲ့မိဘတွေပဲ။ငါတို့က စိတ်မကောင်းရုံလောက်ပဲ ဖြစ်မှာ။သူတို့တွေ မင်းကိုဘယ်လောက်ချစ်လည်း မင်းအသိဆုံးပါ။မင်းဘာလုပ်လုပ် သူတို့ခွင့်လွှတ်ပေးခဲ့ကြတယ်။ပိုင်မိုးနဲ့ဆက်ဆံရေးကိုတောင် ဘာတစ်ခွန်းမှ မ​ပြောကြဘူးလေ။အဲ့တာက မင်းကို ချစ်လွန်းလို့။အခုတောင် မင်းအတွက် ရင်နာနေကြတာ။မင်းသာသေသွားရင် သူတို့ရပ်တည်နိုင်မယ်ထင်လား။အထူးသဖြင့် ရန်ပွဲမှာသေသွားတာထက် သတ်သေတာဆိုရင်ပေါ့။အဲ့တော့ မင်းရဲ့အနာဂတ်ကို မင်းဘာသာမင်း သေချာစဥ်းစားပါ။မင်းခြေထောက်တွေမကောင်းရင်တောင် မင်းမိဘတွေရဲ့သန်းချီတဲ့အမွေတွေကို ဆက်ခံနိုင်သေးတယ်လေ"

First personOù les histoires vivent. Découvrez maintenant