အလွှမ်း သူရောက်နေတဲ့ စားသောက်ဆိုင်ထဲမှာ စားစရာမှာပြီးနောက် သူ့အရှေ့က လူသုံးယောက်ရဲ့အကြည့်အောက်မှာ စိတ်ကျဥ်းကျပ်နေရသည်။ထိုသုံးယောက်ကတော့ ရန့်ရဲ့သူငယ်ချင်းတွေဖြစ်တဲ့ ခန့်မြတ်ဦး၊ထက်ဝေမောင်နှင့် ပီတာရှိန်းတို့ ဖြစ်သည်။
သူရောက်ထဲက ထိုသုံးယောက်က သူ့ကို မျက်စိထောင့်ထောက်ပြီး ကြည့်နေတာဖြစ်သည်။ရန်ကလည်း သူစိတ်ကျဥ်းကြပ်နေတာကို သတိထားမိတာကြောင့် သူ့လက်ကို ဆွဲယူကာဆုပ်ကိုင်လိုက်သည်။
"ဝိုးးးးးးးးးးးး"
အလန့်တကြားအသံကြီးကြောင့် အလွှမ်းခမျာ ထိုင်ခုံကနေ ထလုမတတ်ပင်။အသံကတော့ ထိုသုံးယောက်ဆီကဖြစ်သည်။ရန်က အလွှမ်းလက်ကို ကိုင်ထားတာကိုကြည့်ပြီး အော်လိုက်တာဖြစ်သည်။
ခန့်မြတ်ဦးက အလွှမ်းကိုကြည့်ကာ ပြုံးစိစိနဲ့
"ဍီကာ...မင်းက အချောလေးကို ရလိုက်တာဘဲ"
"မနာလိုနေတာလား"
ရန်က ပြုံးပြီးပြန်မေးလိုက်သည်။ခန့်မြတ်ဦးက ခေါင်းငြိမ့်လိုက်ပြီး
"ဒါပေါ့...ငါတို့လည်း မင်းရဲ့ကောင်လေးလို အချောလေးတစ်ယောက်နဲ့ ရည်းစားဖြစ်ချင်တာပေါ့"
"ငါ့အကိုနဲ့အခြေအနေက?"
ထိုအမေးကြောင့် ခန့်မြတ်ဦးမှာ သက်ပြင်းသာချလိုက်ရသည်။သူကလည်း ရန့်လို gayတစ်ယောက်ဖြစ်ကာ လင်းကမ္ဘာမာန်ကို ကောလိပ်တက်ထဲက လိုက်နေတာဖြစ်သည်။သို့သော် လင်းကမ္ဘာမာန်အတွက်တော့ သူက ညီဖြစ်သူရဲ့ သူငယ်ချင်းထက် မပိုခဲ့ပေ။
"ငါလက်လျှော့လိုက်ပြီ"
"အစထဲက ဘာလို့လိုက်နေသေးလဲ"
ရန့်စကားကိုကြာတော့ ခန့်မြတ်ဦးက ရယ်လေသည်။အလွှမ်းကတော့ ရန့်ကို မသိသလို ကြည့်နေသည်။သူသိသည့်ရန်က ဒီလိုပုံစံမျိုးမဟုတ်ပေ။စကားပြောရာတွင် အမြဲငြင်သာပြီး ဂရုစိုက်တတ်သည့်ပုံစံမျိုးဖြစ်သည်။
သူ့အကြည့်ကို ရန်ကသတိထားမိကာ မျက်လုံးကလည်း 'ဘာဖြစ်လို့လဲ'ဆိုပြီး မေးနေသည်။ရန်က သဘောမပေါက်ပေမဲ့ သူ့သူငယ်ချင်းတွေကတော့ သဘောပေါက်လေသည်။
VOUS LISEZ
First person
Roman d'amour"ရန်...ကျွန်တော်တို့တွေက အမြဲတမ်း ဒုတိယလူတွေ ဖြစ်ခဲ့တာ။အဲ့တော့ ကျွန်တော်တို့အချင်းချင်း ပထမလူ ဖြစ်ကြရအောင်"