အပိုင်း (၂)

787 94 9
                                    

အလွှမ်း အိမ်ပြန်ရောက်တော့ မေမေတောင် ပြန်ရောက်နေလေပြီ။အထည်ဆိုင်ဖွင့်ထားတဲ့မေမေက အလုပ်သမားမလေးတွေ ရှိတာတောင် မနက်ကိုစောစောသွားပြီး ညနေအထိ ဆိုင်ကို အပြီးအစီး သိမ်းပြီးမှ ပြန်လာလေ့ရှိသည်။ဒီနေ့တော့ စောစောပြန်ရောက်နေတာကြောင့် အလွှမ်း စိုးရိမ်စွာ မေးလိုက်သည်။

"မေမေ...နေမကောင်းလို့ စောစောပြန်လာတာလား"

ဒေါ်မေခေတ်က သားဖြစ်သူကို ပြုံးပြလိုက်ပြီး

"မဟုတ်ပါဘူး...အလွှမ်းရယ်။ဒီနေ့ အရောင်းပါးလို့ ဆိုင်ကကောင်မလေးတွေနဲ့ဘဲ ထားခဲ့ပြီး ပြန်လာခဲ့တာ။သားကော ဘယ်ကပြန်လာတာလဲ"

အလွှမ်း မေမေ့ကို ဖက်ထားလိုက်သည်။အမေတစ်ခုသားတစ်ခုမို့ သူ့ရဲ့ ဖြစ်တည်မှုကို ပြောပြထားသလို ဇွဲမာန်ကို ချစ်ကြိုက်နေမိတာကိုလည်း ပြောပြထားသဖြင့် ရင်ဖွင့်လို့ ရပေသည်။

"ဇွဲမာန်မှာ ချစ်သူရှိနေပြီ"

ဒေါ်မေခေတ် ရယ်လိုက်ပြီး အလွှမ်းရဲ့ ခေါင်းအား ခပ်ဖွဖွထုလိုက်ကာ

"ဇွဲမာန်လေးက ရည်းစားထားတာ ဆန်းမှမဆန်းတော့တာ။တစ်နေ့တစ်ယောက်လို ဖြစ်နေတာက သူ့ထုံးစံဘဲလေ"

"ဒီတစ်ခါက မတူတော့ဘူး"

"ဘာမတူတာလဲ။ပြောပါဦး"

"ဒီတစ်ခေါက်က ယောကျ်ားလေး ရည်းစား"

ငြိမ်ကျသွားသည့် အမေဖြစ်သူ၏ ခံစားချက်ကို အလွှမ်းနားလည်ပါသည်။တစ်လျှောက်လုံး သူဇွဲမာန်အပေါ် ဘယ်လောက်တောင် အနွံနာခံခဲ့လဲဆိုတာ သူ့အမေ မျက်မြင်ပင် ဖြစ်သည်။

တစ်ခါက ဇွဲမာန် သူ့ရည်းစားနဲ့ပြတ်ပြီး ညကြီးမိုးချုပ် သူ့အား ဖုန်းလှမ်းဆက်ခေါ်ခဲ့သည်။မိုးကလည်း သည်းနေတာမို့ မိမိပိုင်သည့်ဆိုင်ကယ်လေးကိုလည်း စီးဖို့သိပ်အဆင်မပြေ ဖြစ်ခဲ့သည်။

ထိုညက မေမေက သူ့အား မသွားရန် တားမြစ်ခဲ့သည်။သို့သော် သူကတော့ ချစ်နေရသူမို့ မိုးတွေသည်းလည်းဘဲ ဆိုင်ကယ်မောင်းကာ သွားခဲ့သည်။ပြောထားသည့်နေရာကိုလည်းရောက်ကော ဇွဲမာန်က နောက်ထပ်မိန်းမလှလေးတစ်ယောက်နဲ့ ပွေ့ဖက်ကာ ပျော်နေကြသည်။

First personDonde viven las historias. Descúbrelo ahora