အပိုင်း (၇)

656 84 14
                                    

အလွှမ်း ရန့်ရဲ့ဦးတည်ရာက ဘုရားသို့ဆိုတာကို လမ်းတစ်ဝက်လောက်မှ သိလိုက်ရသည်။

"ရန်...ဘုရားသွားမလို့လား"

"ဟုတ်တယ်လေ။စောနေသေးတော့ ဘုရားဘဲ သွားမလားလို့"

"ဘုရားသွားမယ်မှန်းသိရင် ကျွန်တော်ပုဆိုးဝတ်ခဲ့ပါတယ်။အခုက ဘောင်းဘီရှည်တောင် မဟုတ်ဘူး"

အလွှမ်းစကားကြောင့် ရန် အလွှမ်းရဲ့ ဒူးလောက်ဘောင်းဘီလေးကိုကြည့်လိုက်ပြီး

"ဒါဆို ဘုရားမသွားတော့ဘူးလေ"

အလွှမ်း ကြည့်လိုက်တော့ ကားက ဘုရားကိုတောင်ရောက်နေလေပြီ။သက်ပြင်းချလိုက်ရင်း

"ရောက်ဘဲရောက်နေပြီကို။ပြန်လှည့်လို့ဘယ်လိုလုပ်ရမှာလဲ"

"ရပါတယ်။ကိုယ့်ကားဘဲဟာကို"

အလွှမ်းက ခေါင်းခါလိုက်ပြီး

"ဘုရားရောက်နေပြီး ဘုရားမရှိခိုးဘဲ ပြန်လို့မကောင်းပါဘူး"

"ဘုရားကလည်း မရှိခိုးဘဲပြန်လို့ မရိုက်လောက်ဘူးလေ"

ရန့်စကားကြောင့် အလွှမ်းရယ်လိုက်ကာ

"ဘာပဲဖြစ်ဖြစ်ပါ။ရောက်နေမှတော့ မပြန်ရအောင်"

"ကောင်းပြီ"

ရန်က ကားပေါ်ကဆင်းတော့ အလွှမ်းအတွက် ကားတံခါးဖွင့်ပေးချင်ပေမဲ့ အလွှမ်းက သူ့ဘာသာသူဖွင့်ပြီး ဆင်းလာပြီမို့ သူမဖွင့်ပေးလိုက်ရပေ။

နောက်မှ အလွှမ်းကို သူကားတံခါးဖွင့်ပေးတာကိုစောင့်ဖို့ ပြောရမည်။ဒါက ချစ်သူကောင်လေးတွေ လုပ်သင့်သည့်အရာဖြစ်သည်။တစ်ဖက်လူက ကိုယ့်ဘာသာကိုယ် လုပ်နိုင်ရင်တောင် သူတို့က ဒီလိုမျိုး လုပ်ပေးခြင်းအားဖြင့် လုံခြုံနွေးထွေးမှုကို ခံစားစေပါသည်။

နှစ်ယောက်သား ဘုရားရင်ပြင်ပေါ် အတူတကွ တက်လိုက်ကြပြီး ဘုရားရှိခိုးလိုက်ကြသည်။ပြီးနောက် ကိုယ့်နေ့နာမ်ထောင့်တွေကို လိုက်ရှာပြီး ရှိခိုးကြသည်။

အလွှမ်းက ဗုဒ္ဓဟူးသားဖြစ်ပြီး ရန်က ကြာသပတေးသားဖြစ်သည်။ဘုရားရှိခိုးပြီးတော့ ဘုရားရင်ပြင်ပေါ်က ထိုင်ခုံတစ်ခုမှာ ထိုင်လိုက်ကြသည်။

First personNơi câu chuyện tồn tại. Hãy khám phá bây giờ