ရန် အကိုဖြစ်သူအား လျစ်လျူရှုကာ သူ့ရဲ့အိတ်ထဲက အဝတ်အစားတွေဘဲထုတ်နေလိုက်သည်။သူထုတ်နေတုန်း လင်းကမ္ဘာမာန်က ဒေါသတကြီးနဲ့ ထိုအဝတ်တွေကို ဘေးဘက်ကို ပစ်ထုတ်လိုက်သည်။
"ဍီကာ....မင်းငါပြောတာကို စောက်ဖတ်မလုပ်ဘူးပေါ့။ငါ့စကားတွေက မင်းရဲ့တန်ဖိုးမရှိတဲ့ အင်္ကျီအစုတ်တွေလောက် အရေးမကြီးဘူး ထင်နေတာလား"
ရန် သက်ပြင်းချလိုက်ကာ
"ဒါပေါ့...အကို့စကားတွေက ကျွန်တော့်ကိုယ်ပိုင်ပိုက်ဆံတွေနဲ့ ဝယ်ထားတဲ့ ဒီအဝတ်စုတ်တွေလောက် အရေးမကြီးဘူး"
"ဟက်...ဒါဆိုလည်း မင်းပိုက်ဆံတစ်ပြားသားမှ မပါတဲ့ ဒီအိမ်ပေါ်ကို ဘာလို့တက်လာတာလဲ"
ရန် လင်းကမ္ဘာမာန်အား စိုက်ကြည့်ကာ ပြန်ပြောလိုက်သည်။
"ကောင်းပြီ...ကျွန်တော့်အတွေးချောင်သွားလို့ ဒီရောက်လာမိတာ။စိတ်မပူပါနဲ့။အခုဘဲ ပြန်တော့မှာ"
လင်းကမ္ဘာမာန် သူ့ညီအား ပိုပြီးဒေါသထွက်လာကာ ဆွဲထိုးလိုက်တော့သည်။
"မင်းက မင်းကိုယ်မင်း ဟုတ်လှပြီ ထင်နေတယ်ပေါ့။အင်ဂျင်နီယာနဲ့ဘွဲ့ရထားပြီး ကားပြင်တယ်တဲ့လား။မင်းငါတို့မိသားစုကို စောက်ရှက်ခွဲချင်လို့မလား"
ရန် ပေါက်သွားတဲ့နှုတ်ခမ်းက သွေးကို သုတ်လိုက်ပြီး လင်းကမ္ဘာမာန်အား အသက်မပါသလိုကြည့်ကာ
"ကျွန်တော်က ဒီမိသားစုက ဟုတ်ရဲ့လား။အဖေက ပြောတယ်လေ။ကျွန်တော့်လို ရွံဖို့ကောင်းတဲ့ကောင်က ဒီမိသားစုက မဟုတ်ဘူးတဲ့။အဲ့တော့ အကိုတို့ကို အရှက်ရစရာ ဘာမှမရှိဘူး။ပြီးတော့ ဒီအိမ်က ကျွန်တော်ကိုယ်တိုင် ဆောက်ထားတဲ့အိမ်မို့ ဝင်လာခဲ့မိတာ။ကျွန်တော့်ကိုယ်ကျွန်တော် ဒီအိမ်နဲ့မသက်ဆိုင်ဘူးဆိုတာ ခဏမေ့သွားတယ်။အချိန်ငါးမိနစ်ဘဲပေး။အဝတ်အစားလဲပြီးတာနဲ့ ကျွန်တော်ထွက်သွားပေးမယ်"
လင်းကမ္ဘာမာန် ဒီခဏမှာ ဘာပြောရမယ်မှန်း မသိတော့ပေ။ငယ်ငယ်ထဲက သူဂရုစိုက်ခဲ့ရသည့်ညီဖြစ်သူဟာ လိင်တူကြိုက်နေသူတဲ့။အကိုတစ်ယောက်အနေနဲ့ သူလက်ခံနိုင်ဖို့ ကြိုးစားခဲ့သည်။သို့သော် အဖေနဲ့အမေတို့ကတော့ လုံးဝလက်မခံခဲ့ပေ။
VOCÊ ESTÁ LENDO
First person
Romance"ရန်...ကျွန်တော်တို့တွေက အမြဲတမ်း ဒုတိယလူတွေ ဖြစ်ခဲ့တာ။အဲ့တော့ ကျွန်တော်တို့အချင်းချင်း ပထမလူ ဖြစ်ကြရအောင်"