အပိုင်း (၆)

705 89 10
                                    

ရန် အလွှမ်းရဲ့မုန့်ဟင်းခါးပန်းကန်ကိုကြည့်ပြီး အလွှမ်းက အစပ်မစားနိုင်ဘူးဆိုတာ သိလိုက်ရသည်။ထို့ပြင် ပဲသီးနဲ့ခရမ်းချဥ်သီးထည့်စားသော်လည်း နံနံပင်ကိုတော့ ထည့်ပင်မထည့်။

အလွှမ်းပြောလို့ အလွှမ်းက အစပ်ကြိုက်သော်လည်း များများစားမိရင် ဗိုက်နာတတ်တာကြောင့် အစပ်မစားတာကိုလည်း သိလိုက်ရသည်။

သူ့အနေနဲ့ တစ်ခါမှ ရည်းစားမထားဖူးသော်လည်း ထိုအရာတွေကို အသေးစိတ်မှတ်ရမယ်ဆိုတာကိုတော့ သေချာသိပါသည်။ထို့ကြောင့် အလွှမ်းအကြောင်းပိုမိုသိအောင် သူကဘဲ စမေးလိုက်သည်။

"အလွှမ်း...ကိုယ်မင်းအကြောင်းတွေ သိချင်တယ်။ဘာကြိုက်တတ်တယ်။ဘာတွေမကြိုက်ဘူးလဲဆိုတာတွေကိုပေါ့"

အလွှမ်းက သူ့ကို ကြည့်ကာ ပြုံးပြလာပြီး

"ကျွန်တော်က အရောင်ထဲမှာ အဝါရောင်အကြိုက်ဆုံးဘဲ။အစားအစာထဲမှာတော့ မုန့်ဟင်းခါးပေါ့။ကျွန်တော်က ငါးဆို သိပ်မစားဘူး။ငါးကြင်းနဲ့ငါးသေးသေးလေးတွေလောက်ဘဲစားတာ။ဝက်သားစားပေမဲ့ အခေါက်ဆို လုံးဝမစားဘူး။အမဲသားတော့မစားဘူး။ကြက်အသဲအမြစ်မှာဆိုရင် အမြစ်ကို အကြိုက်ဆုံးဘဲ။ခါးတာတွေလည်း မစားဘူး။ကြက်ဟင်းခါးသီးတို့ ဂွေးတောက်ရွက်တို့လိုဟာတွေပေါ့။အရွက်ထဲမှာတော့ မုန်လာရွက်မကြိုက်ဘူး။နည်းနည်းခါးသက်သက်မို့လို့။ကျန်တာတော့အကုန်စားတယ်"

"ကိုယ်အကုန်မှတ်လိုက်မယ်။ပြီးတော့ မင်းရဲ့မွေးနေ့ကကော"

"ကျွန်တော့်မွေးနေ့က ဖေဖော်ဝါရီ ၂၈ရက်နေ့။ခင်ဗျားကကော။ကျွန်တော်လည်း ခင်ဗျားနဲ့ပက်သက်တာတွေကို သိချင်တယ်"

"ကိုယ်က ဇွန် ၁ရက်နေ့။ကိုယ်ငယ်ငယ်ထဲက ကြိုက်တာမကြိုက်တာဆိုပြီး မရှိဖူးဘူး။အကုန်စားတယ်။အရောင်ဆိုရင်လည်း ကြိုက်တာမျိုးမရှိဘူး။ကိုယ့်ရဲ့အဝတ်အစားတော်တော်များများက ကိုယ့်ဘာသာကိုယ်ဆိုင်မှာသွားဝယ်တာတွေထက် အမေဝယ်ထည့်ပေးထားတာ ပိုများတယ်။အကိုလည်းရှိတော့ သူတို့က ဝယ်ဝယ်ပေးနေတာနဲ့ အရောင်တွေဒီဇိုင်းတွေနဲ့ပက်သက်ပြီး ရွေးဖူးတာ မရှိခဲ့ဘူး"

First personOnde histórias criam vida. Descubra agora