အလွှမ်း ကားရပ်ထားတဲ့နေရာနားရောက်တော့ ခပ်လှမ်းလှမ်းကနေ ပိုင်မိုးနဲ့ရန်တို့ စကားပြောနေတာကို မြင်လိုက်ရသည်။
သူတို့က သူ့ကို မတွေ့သေးတာမို့ အကွယ်တစ်ခုတွင် ပုန်းကာ သူတို့ပြောတာတွေကို ခိုးနားထောင်လိုက်သည်။ခုနကထက် မိုးကပါးသွားသည်မို့သာ တော်သေးသည်။မဟုတ်လျှင် တစ်လုံးတောင် နားထောင်လို့ရမည်မဟုတ်ပေ။
ပိုင်မိုးက ထီးကိုဆောင်းထားပြီး ရန်ကတော့ ကားမှန်ကိုဖွင့်ကာ အထဲကနေပဲ ပြောနေလေသည်။
"ကိုမင်း...ကျွန်တော် ဇွဲမာန်နဲ့ လမ်းခွဲပြီးသွားပြီ"
"အွန်း...အဲ့တော့?"
"အဲ့တော့ ကိုမင်း ကျွန်တော်နဲ့တွဲပါလား"
"Sorry...ငါမင်းကို မကြိုက်တော့ဘူး"
"မဖြစ်နိုင်တာ။အရင်က ငြင်းတာက ကျွန်တော့်မှာ ဇွဲမာန်ရှိနေလို့မလား။အခု ကျွန်တော်တို့က ပြတ်သွားပြီလေ။အဲ့တော့ ကိုမင်းလည်း ဟန်ဆောင်တာ ရပ်လိုက်လို့ရပြီ"
"ဟန်ဆောင်တာလား?ဘာကိုကြည့်ပြီး ဟန်ဆောင်နေတာလို့ ထင်လိုက်တာလဲ"
"ဘယ်သူက အချိန်အတိုလေးအတွင်းကြိုက်ခဲ့တဲ့သူကို အကြာကြီးကြိုက်ခဲ့ရတဲ့သူနေရာမှာ အစားထိုးမှာလဲ"
"မင်းမှန်တယ်။ငါမင်းနေရာကို ဘယ်သူ့မှ အစားမထိုးဘူး။ဘာလို့ဆို အလွှမ်းက ငါ့အတွက် သီးသန့်ဖြစ်တည်မှုပဲ။မင်းကတော့ ငါ့ဘဝထဲကရော ငါ့နှလုံးသားထဲကပါ ပျောက်ကွယ်သွားတာ ကြာလှနေပြီ"
"မယုံဘူး"
"မင်းမယုံလည်း အဲ့တာ ငါ့အတွက် အရေးမကြီးဘူး။ဘာလို့လဲဆိုတော့ ငါ့ရဲ့အနာဂတ်မှာ မင်းက ပါမှာမှမဟုတ်တာ"
ပိုင်မိုးတစ်ယောက် ဒေါသကြောင့် မျက်နှာတွေ နီရဲလာခဲ့သည်။ပြီးနောက် သူ့စိတ်သူ ပြန်ထိန်းကာ
"ကိုမင်းက ဒီလိုဆိုမှတော့ ကျွန်တော်လည်း အရှက်မရှိ တွယ်ကပ်မနေတော့ပါဘူး။ကျွန်တော့်အတွက် ခင်ဗျားထက်ပိုကောင်းတဲ့သူကိုရှာဖို့က မခက်ခဲဘူးလေ။နားလည်တယ်မလား"
"အွန်း"
ရန်က အွန်း တစ်လုံးကလွဲပြီး ပြန်မဖြေတာမို့ ပိုင်မိုးလည်း ခြေဆောင့်ကာ ထွက်သွားတော့သည်။ခိုးနားထောင်နေတဲ့အလွှမ်းလည်း မတ်တပ်ထရပ်ကာ ကားဆီပြေးသွားလိုက်သည်။
YOU ARE READING
First person
Romance"ရန်...ကျွန်တော်တို့တွေက အမြဲတမ်း ဒုတိယလူတွေ ဖြစ်ခဲ့တာ။အဲ့တော့ ကျွန်တော်တို့အချင်းချင်း ပထမလူ ဖြစ်ကြရအောင်"