ရန့်ကို ပိုင်မိုးက ဖုန်းခေါ်လာချိန်မှာ ရန်က အလွှမ်းကို အိမ်ပြန်ပို့ပြီးပြီမို့ သူ့အိမ်သူပြန်နေချိန်ဖြစ်သည်။ကားမောင်းနေရင်း ဖုန်းလာတာမို့ မကိုင်ချင်ပေမဲ့ အလွှမ်းများ ဆက်လာတာလားဆိုပြီး ကားခဏရပ်ကာ ခေါ်သူကိုကြည့်လိုက်သည်။
ပိုင်မိုးဖြစ်နေတာကြောင့် စိတ်အလိုမကျ ဖြစ်သွားသည်။သို့သော် တစ်ခါက ကျေးဇူးရှိသည့်အလုပ်ရှင်ရဲ့သားဖြစ်နေဆဲမို့ ဖုန်းကိုင်လိုက်သည်။
!ဟဲလို...ကိုမင်း။ဒီနေ့ကိစ္စအတွက် ပိုင်မိုးတောင်းပန်ပါတယ်။မောင်က အဲ့လိုဘဲ။သူက စရိုက်အရမ်းဆိုးတယ်။ကိုမင်းကဘဲ နားလည်ပေးပါ။ပိုင်မိုးတောင် တခါတလေ သူဆိုးသမျှ သောင်းကျန်းသမျှကို ခံရတယ်။ကြာလာတော့ အရမ်းဝမ်းနည်းလာတယ်။သူက ဂရုမစိုက်လေ ပိုင်မိုးကို ဂရုစိုက်တဲ့ ကိုမင်းကို ပိုပြီးသတိရလာလေဘဲ!
!မင်းပြောချင်တာ ဒါဘဲမလား။နောက်ဆို ငါ့ဆီဖုန်းမဆက်ပါနဲ့။မင်းဝမ်းနည်းရင် မင်းကောင်လေးဆီက နှစ်သိမ့်မှုကို ခံသင့်တယ်။အခု ငါ့မှာလည်း ချစ်သူကောင်လေးရှိနေတာမို့ အထင်လွဲစရာဖြစ်လာမှာတွေကို မလုပ်ပါနဲ့!
!ဘာလို့ အဲ့လောက်စိမ်းကားနေရတာလဲ။ဘာလဲ...ကိုမင်းရည်းစားက ပိုင်မိုးနဲ့ မပက်သက်ဖို့ ပြောလို့လား။သူတောင် ပိုင်မိုးရည်းစားနဲ့ ပက်သက်တာဘဲလေ။ကိုမင်းမမြင်ဘူးလား။ဇွဲမာန်က ပိုင်မိုးကို သဝန်တိုနေတာကိုလေ။ဇွဲမာန်သာ သူ့ဆီကို ပြန်သွားရင် သူက ကိုမင်းကို ထားခဲ့မှာ!
!သူ့ကို မင်းစိတ်နဲ့ မနှိုင်းစမ်းနဲ့။အခု ရည်းစားကိုအရင်ပစ်ချင်တာ မင်းမဟုတ်ဘူးလား။ပိုင်မိုး...အရင်က ငါချစ်ခဲ့တာက ဖြူစင်ပြီးရိုးသားတဲ့ပိုင်ကုဋေမိုး။ငါ့ဆီကနေ ပေးသမျှအကုန်ယူပြီး သူဌေးသားဆီကောက်ကောက်ပါလိုက်သွားတဲ့ ဥစ္စာမက်ပိုင်ကုဋေမိုး မဟုတ်ဘူး!
!ကိုမင်း...ပိုင်မိုးကို အထင်လွဲနေပြီ။ပိုင်မိုးက ဇွဲမာန်ကို ချစ်တယ်လို့ ထင်မိသွားတာပါ။အဲ့တာကြောင့် သူ့ကို ရွေးချယ်ခဲ့တာ။ကိုမင်းကို ဆင်းရဲလို့ မရွေးချယ်ခဲ့တာ မဟုတ်ပါဘူး!
YOU ARE READING
First person
Romance"ရန်...ကျွန်တော်တို့တွေက အမြဲတမ်း ဒုတိယလူတွေ ဖြစ်ခဲ့တာ။အဲ့တော့ ကျွန်တော်တို့အချင်းချင်း ပထမလူ ဖြစ်ကြရအောင်"