အလွှမ်းတို့ ဘုန်းကြီးကျောင်းက ပြန်ရောက်တော့ ၁၁နာရီကျော်နေပြီမို့ ထမင်းအရင်စားလိုက်ကြသည်။ထမင်းစားပြီးတော့ မေမေက အချိုပွဲတွေ လာချပေးပြီး ရန့်ကို စားကောင်းလားလို့ မေးလေသည်။
"ဟုတ်ကဲ့ အန်တီ။အန်တီ့ဟင်းချက်လက်ရာက အရမ်းကောင်းတာဘဲ။ဒါနဲ့အလွှမ်းရော အန်တီ့လိုဘဲလား"
ရန်က ပြုံးပြီးမေးတော့ မေမေက ရယ်ကာ ခေါင်းရမ်းပြသည်။
"ဘယ်ကလာ။အလွှမ်းက ပုစွန်ခြောက်ကိုတောင် ရေဆေးပြီးကြော်ရတာလားမေးတဲ့သူမျိုး။သူလုပ်တတ်တာဆိုလို့ ခေါက်ဆွဲပြုတ်တို့ ကြက်ဥကြော်တို့လောက်ဘဲရှိတယ်"
အလွှမ်းက လက်မခံနိုင်သည့်ဟန်ဖြင့်
"အဲ့တာဘဲ မဟုတ်ပါနော်။ကြက်ဥပြုတ်တတ်တယ်၊အရွက်တွေလည်း ကြော်တတ်ပါသေးတယ်"
"ဘာလဲ ကန်စွန်းရွက်ကို မဲနေအောင် ကြော်တာကိုလား"
အလွှမ်း ဆူပုတ်ပုတ်ဖြစ်သွားကာ
"အဲ့တာက အိနေအောင်ကြော်လို့လေ။မီးအားကလည်း မကောင်းတော့ မဲသွားတာပေါ့။ဒါပေမဲ့ အရသာရှိပါတယ်နော်"
"ဟားဟား"
ရန်နဲ့ဒေါ်မေခေတ်တို့ ပြိုင်တူရယ်မိလိုက်ကြသည်။အလွှမ်းက ထိုနှစ်ယောက်ရဲ့ အချစ်တုံးလေးဆိုတာ ပြောစရာမလိုလောက်အောင် မျက်လုံးတွေက ချစ်ခင်ကြင်နာခြင်းများ ပြည့်နှက်နေသည်။
"ရန်...ခင်ဗျားရယ်ရဲတယ်ပေါ့လေ။ခင်ဗျားကော ချက်တတ်လို့လား"
စိတ်ဆိုးနေတဲ့အလွှမ်းက အမေဖြစ်သူကို မာန်မဲလို့မရသဖြင့် ရန့်ကို မာန်မဲလိုက်သည်။
"ကိုယ်ချက်တတ်တယ်။ငယ်ငယ်က အဖိုးအဖွားတွေဆီမှာ သွားနေတုန်းက ဖွားဖွားက သင်ပေးဖူးတယ်။ကျောင်းတက်တုန်းကလည်း အဆောင်မှာနေတော့ အပြင်စာမစားချင်တာနဲ့ ကိုယ့်ဘာသာကိုယ် ချက်စားဖြစ်တယ်"
အလွှမ်း ဆူပုတ်နေတာကနေ ချက်ချင်းဘဲ မျက်လုံးများလင်းလက်သွားကာ
"တကယ်လား။ဒါဆို ကောင်းတာပေါ့။နောင်အနာဂတ်မှာ ခင်ဗျားဘဲ ကျွန်တော့်ကို ချက်ကျွေးတော့"
ESTÁS LEYENDO
First person
Romance"ရန်...ကျွန်တော်တို့တွေက အမြဲတမ်း ဒုတိယလူတွေ ဖြစ်ခဲ့တာ။အဲ့တော့ ကျွန်တော်တို့အချင်းချင်း ပထမလူ ဖြစ်ကြရအောင်"