နောက်တစ်နေ့ မနက်၇နာရီလောက်သာရှိသည့်အချိန်တွင် အလွှမ်းတို့အိမ်ရှေ့က ဘဲလ်မြည်လာခဲ့သည်။ဒေါ်မေခေတ် လှမ်းကြည့်လိုက်တော့ အရပ်ရှည်ပြီး နောက်ပြောင်ကျီဆယ်တတ်သည့်မျက်နှာနဲ့ ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရသည်။
ထိုကောင်လေးကိုမြင်တာနဲ့ ဒေါ်မေခေတ်မျက်နှာမှာ အပြုံးကြီးကြီးပေါ်လာပြီး
"ရာလေးပါလား။ဘယ်တုန်းက ပြန်ရောက်တာလဲ။အလွှမ်းပြောတော့ သားက ရှမ်းပြည်ရောက်နေတာဆို"
ခွန်းရာ ဒေါ်မေခေတ်ကို ရယ်ပြလိုက်ကာ
"တကယ်က ရှမ်းပြည်ရောက်နေတာမဟုတ်ဘူး။onlineပေါ်က ကောင်မလေးကို သွားတွေ့ဖို့ ထားဝယ်ကို ရောက်သွားတာ"
"ဘယ်လိုလဲ။အဆင်ပြေရဲ့လား"
"မပြေပါဘူး.... ဒေါ်လေးမေရယ်။ကောင်မလေးက ရုပ်ကလေးလည်းလှတယ်။အပြောလေးလည်းချိုပေမဲ့ သူမက gamerဖြစ်နေတယ်လေ။ကျွန်တော့်ကို အဖက်တောင်မလုပ်ဘူး"
"တော်ပါ...တော်ပါ။မင်းအကြောင်း ငါမသိတာကျလို့။မင်းတကယ်မကြိုက်လို့သာ ပြန်လာတာပေါ့။ဘယ်တော့များမှ အတည်တွေ့မှာတုန်း"
"အလွှမ်းကိုကြည့်ပြီးထဲက အတည်မထားချင်တော့ပါဘူး"
"အလွှမ်းဆိုမှ မနေ့က ဇွဲမာန်နဲ့ရန်ဖြစ်တယ်ထင်တယ်။ပါးလေးရောင်နေတယ်။ဝင်လာခဲ့။မင်းသူငယ်ချင်းကို နှိုးပြီး အကျိုးအကြောင်းလေး မေးကြည့်ပါဦး။ပြီးရင် ဒီဒေါ်လေးကို ပြောပြဖို့ မမေ့ရဘူးနော်"
ခွန်းရာ မျက်စိတစ်ဖက်မှိတ်ပြလိုက်ကာ
"ဒါပေါ့။ကျွန်တော်က ဒေါ်လေးရဲ့ စပိုင်ဘဲဟာကို"
ဒေါ်မေခေတ်ရယ်လိုက်ကာ ခွန်းရာကို အိမ်ထဲပေးဝင်လိုက်ပြီး မနက်စာပြင်လိုက်သည်။ခွန်းရာကတော့ အလွှမ်းအိပ်ခန်းထဲကို တိုးတိုးတိတ်တိတ် ဝင်သွားလေသည်။
အခန်းထဲရောက်တာနဲ့ ခွန်းရာက ပါးစပ်ဟကာ အိပ်ပျော်နေသော အလွှမ်းကိုကြည့်ပြီး လူယုတ်မာအပြုံး ပြုံးလိုက်သည်။ပြီးတာနဲ့ အိပ်ခန်းထဲမှာ ဘာရှိသလဲ လိုက်ရှာတော့သည်။
VOCÊ ESTÁ LENDO
First person
Romance"ရန်...ကျွန်တော်တို့တွေက အမြဲတမ်း ဒုတိယလူတွေ ဖြစ်ခဲ့တာ။အဲ့တော့ ကျွန်တော်တို့အချင်းချင်း ပထမလူ ဖြစ်ကြရအောင်"