~1~

5.1K 425 27
                                    

ZawGyi
________

အဲ့နေ့ကတော့သူငယ်ချင်းအသစ်ရတာလား
ရန်သူအသစ်ရတာလားတော့မသဲကွဲ
ထူးခြားတဲ့နေ့လို့တော့ပြောလို့ရလောက်တယ်။
ကျနော့်ဘဝရဲ့ထူးခြားတဲ့နေ့လေးတဖြစ်ပေါ့။

သာယာလွန်းတဲ့မနက်ခင်းတဖြစ်
ငှက်ကလေးများရဲ့သာယာစွာတသီတကျူး
ပြုနေတဲ့အသံလေးများမှာလည်းနားထဲတွင်
ငြိမ့်ငြိမ့်ညောင်းညောင်းနှင့်ပင်။

"ဒုန်း!!!....."

သာယာလွန်းလှပါရဲ့ဟူသောမနက်ခင်းမှာတင်
စကားမဆုံးသေးပေကျယ်လောင်လှတဲ့
အသံမှာဘေးအိမ်မှဟိန်းကနဲနေအောင်။

ထိုအသံကြောင့် ရိုးရိုးတိုက်အိမ်ကလေးရဲ့
အပေါ်ထပ်မှာနှစ်နှစ်ခြိုက်ခြိုက်ခြိုက်အိပ်ပျော်
နေတဲ့ကလေးတစ်ယောက်မှာမှိတ်ထားတဲ့
မျက်လုံးလေးပေါ်မှမျက်ခုံးတန်းတန်းလေး
တွန့် ချိုးကာဖြင့်ပင်။

ထို့ကလေးမှာ ဂင်(မ်) ဆော့ဂျင် ပင်ဖြစ်သည်။
အသက် 6 နှစ်သာဆိုတာ အသက်နဲ့
မလိုက်အောင်လူမှုရေးအလွန်ကောင်းလှပြီး
အိမ်နီးချင်းများရဲ့ချစ်ခင်မှုကိုခံယူထားရတဲ့
အကြည်ဓာတ်ကလေးပင်ဖြစ်သည်။

အထူးအခြားဒီနေ့ ဘေးကပ်လျက်အိမ်မှအသံ
ကြားရသဖြင့် မျက်မှောင်လေးတွန့်ချိုးကာ
မျက်လုံးဖွင့်လာမိသည်။
သိသလောက်ကတော့ ဘေးကပ်လျက်အိမ်
အကြီးမှာလူမနေတာအတော်ပင်ကြာလှပြီ။
လမ်းထဲတွင်လည်းထိုအိမ်မှာသေချာကျကျနန
ဆောက်ထားပြီးအကြီးဆုံးပင်။
အိမ်ဈေးကလည်းနည်းနည်းနောနောနော
မဟုတ်တာကြောင့်ဝယ်တဲ့သူလည်းမရှိ။
ဒီနေ့ တော့အထူးအဆန်းအသံတွေကြားရပါရဲ့။

ဆော့ဂျင် လည်း အိပ်ယာပေါ်တွင်ကောက်
ထိုင်ကာမျက်လုံးမှာမပွင့်တပွင့်နှင့်ပြတင်းပေါက်
နားလေးကိုချောင်းကြည့်နေလိုက်တော့လူနေ
တယ်လို့တခါမှမကြားဖူးသောဘေးအိမ်ထဲတွင်
လှုပ်စိလှုပ်စိနှင့် လူရိပ်ကလေးများကို ဆော့ဂျင်
တွေ့လေသည်။

ထို့နောက် ဆော့ဂျင်လည်းသိချင်ဇောနဲ့
အောက်ထပ်ကိုအပြေးလေးဖြင့်ဆင်းလာပြီး
အိမ်ပြင်သို့ပြေးထွက်လေသည်။
မနက်နေထွက်ခါစမို့လို့နေရောင်ထိုးသည်ကို
လက်ကလေးပိစိလေးနှင့်ကာလိုက်ကာ
မျက်မှောင်ခပ်ကြုံ့ကြုံ့လေးဖြင့်ဘေးအိမ်သို့
တစပ်တစုနှင့်ကြည့်နေရှာသည်။

My Neighbour [KookJin]✔️Where stories live. Discover now