~16~

2.5K 341 45
                                    

ZawGyi
________

ဒီနေ့မနက်ခင်းကအရင်နေ့တွေထက်ထူးခြား
နေသလိုခံစားရသည်။ မနေ့ညကအဖြစ်အပျက်
တွေကိုစဉ်းစားကြည့်တော့ ခေါင်းမူးရသည်။
ပုဒ်စာငယ်လေးနာကျင်မှာကိုလည်းမလိုလားဘူး
သူခံစားရင်ကိုယ်လည်းခံစားရတယ်လေ။
ညဘက်တော့သူ့ ကိုအတက်နိုင်ဆုံးနှစ်သိမ့်
ပေးခဲ့တာပဲ အခုကောအဆင်ပြေရဲ့လားမသိဘူး
တညလုံးများငိုနေမလားမဖြစ်သေးပါဘူးလေ။

ဖြေးဖြေးချင်းကောက်ထလိုက်ပြီးအချိန်ကို
ကြည့်လိုက်လေတော့ မနက် 7 နာရီရှိနေပြီ။
ဒီနေ့တော့အိပ်တာနောက်ကျသွားတာပဲအဲ့မာ
သေရောနေ့စဉ်လုပ်မဲ့အလုပ်ကိုမလုပ်မိပြန်ဘူး
အမေတော့ဆူတော့မလားမသိဘူးဒုက္ခပဲ။
ဒီနေ့ကချိန်းထားတာလည်းရှိသေးတယ်
တကယ်တော့ယွန်းဂီကခေါ်ထားတာပြောစရာ
ရှိလို့အမြန်လာခဲ့ဆိုပြီး မသွားရင်လည်းဒင်းက
ပွစိပွစိလုပ်အုံးမယ်။ လောလောဆယ်ဒင်းဆီ
အမြန်သွားလိုက်ပြီးနောက်မှပုဒ်စာငယ်လေးဆီ
သွားရမယ်။။

ဆံပင်ကိုလက်ဖြင့်ထိုးဖွပြီးအိပ်ယာမှပာအမြန်
ထလိုက်သည်။ တကိုယ်ရည်သန့်စင်ပြီး
တွေ့ကရာ T shirt over size ပွပွလေးကို
ထုတ်ဝတ်ပြီး ဘောင်းဘီကိုလည်းခပ်ပွပွလေး
ဝတ်ပြီးအမြန်အဆန်ထွက်လာလိုက်သည်။
နေကလည်းနည်းနည်းရှိန်နေတာနဲ့ လျှာထိုး
ဦးထုပ်နက်ပြာလေးကိုဆောင်းပြီးအလျင်အမြန်
ထွက်လာလိုက်တယ်။

"Hello…ယွန်းဂီဘယ်မှာလဲ…"

"မင်းတို့လမ်းထိပ်ကပေါင်မုန့်ဆိုင်မှာ…"

"ဟေ…အရူးအဲ့တာငါတို့အမေဆိုင်ဟ…"

"ဟေ…အော်ဘာဖြစ်လဲအမြန်လာ…ဒါနဲ့
ကော်ဖီလေးကသောက်ကောင်းသားဟအဟိ"

"ဆိုင်ရှားရလားကွ…ငါ့အမေကငါ့ကို
သတ်အုံးမှာအလုပ်တစ်ခုမပြီးလို့…အေးအေး
အမြန်လာခဲ့မယ်…"

အပြေးလေးနဲ့လမ်းထိုင်ကအမေတို့ဆိုင်ဆီ
သွားလိုက်လေတော့။ ဒင်းကအခန့် သား
ကော်ဖီသောက်နေတယ်။

"ရား…ယွန်းဂီ…"

ဆော့ဂျင်ကိုမြင်တော့ပစ္စည်းသယ်နေတဲ့
ဦးလေးကအံ့သြတကြီးနဲ့ကြည့်သည်။

My Neighbour [KookJin]✔️Where stories live. Discover now