~2~

2.9K 356 8
                                    

ZawGyi
________

ဒီနေ့လည်းရာသီဥတုကသာယာနေဆဲပင်။
မနက်ဆို 6 ခွဲဆိုတာနဲ့မျက်လုံးနှစ်လုံးက
အော်တိုကိုပွင့်နေတာကတော့ ဂင်(မ်)ဆော့ဂျင်
တို့အကျင့်ပဲပေါ့။ မျက်စိအကျင့်ဝမ်းအချင့်
ဆိုသလိုမျိုးပေါ့။

သူ့ အချိန်ရောက်လို့သာမျက်လုံးကပွင့်လာတယ်
ဒါပေမဲ့ ခေါင်းကတော့လေးတေးတေးကြီး
ဖြစ်ပြီးတော့ ဘာမှကိုမလုပ်ချင်။ ခေါင်းထဲ
တွေးလိုက်မိတာကတော့ မူကြိုမသွားပဲ
တစ်ရက်လောက်လစ်မယ်ပေါ့။

ဆော့ဂျင်လည်းအောက်ထပ်သို့ဆင်းလာပြီး
အမေ့ကိုသာအရင်ရှာမိတယ်။ နေမကောင်းရင်
အမေ့ကိုသာရှာနေတာပုံမှန်လိုပင်။ ဒါပေမဲ့
ထူးဆန်းတာက ပုံမှန်ဆိုအရှေ့မှာထိုင်နေတတ်တဲ့
ဦးလေးဟန်ကဒီနေ့မှမတွေ့ ဖြစ်လေသည်။
ခေါင်းကလည်းမူးနောက်နောက်ဖြစ်တာနဲ့
အိမ်ရှေ့ထွက်ပြီးပန်းပင်လေးတွေကိုသွားကြည့်
မယ်လုပ်တာပေါ့။

"ဟူး……"

သူအကြိုက်ဆုံးပန်းလေးရှေ့ရောက်တော့
ဆောင့်ကြောင့်လေးထိုင်ချကာသက်ပြင်း
ချမိတယ်။ ထိုပန်းလေးကိုပဲတစိမ့်စိမ့်
ကြည့်နေပြီးတော့။

"အာညော်…ပန်းဖြူလေး…ငါဒီနေ့တမျိုးကြီး
ခံစားရတယ်…ခေါင်းလည်းမူးတယ်ပြီးတော့
စဉ်းစားစရာလေးရှိနေတယ်…"

ဆော့ဂျင်ရဲ့အမေလည်းအိမ်ရှေ့သို့လာကာ
ပန်းနဲ့စကားပြောနေတဲ့ဆော့ဂျင်ရဲ့
နောက်ကျောလေးကိုမြင်ပြီးပြုံးမိသည်။

"အမလေး…ဆရာသမားကတစ်ယောက်တည်း
ဘာလုပ်နေတာလဲ……"

ဆော့ဂျင်လားသူ့အမေကိုမော့ကြည့်ပြီး။

"မေမေ…"

"အင်း…သား…"

"ဒါကဘာပန်းလဲဟင်…သားကြိုက်လို့"

"ဒါကဘာပန်းလဲဟင်…သားကြိုက်လို့"

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
My Neighbour [KookJin]✔️Where stories live. Discover now