~12~

2.9K 367 68
                                    

ZawGyi
________

ကြွယ်ဝချမ်းသာတာလား? ကျနော်ကတော့
ချမ်းသာမှုထက် မေတ္တာတရားကိုပိုပြီးတော့
လိုချင်တောင့်တမိတယ်။ ဘယ်တော့များ
မေတ္တာတရားငါ့ဆီကျရောက်လာမှာလဲ။

အခန်းအကျယ်ကြီးထဲမှာတစ်ယောက်တည်း
ထိုင်ပြီးပုံဆွဲနေခဲ့တယ်။ 6 နှစ်အရွယ်ကလေးက
ပုံဆိုဘယ်လိုလုပ်ကောင်းကောင်းဆွဲတက်မှာလဲ
ဟိုခြစ်ဒီခြစ်ပေါ့ တခါတလေဘာဆွဲရမှန်း
မသိတဲ့အခါ မျက်စိထဲမြင်သမျှကိုလျှောက်ပြီး
ဆွဲတယ်။ ဥပမာမျက်စိရှေ့မှာ တံခါးတစ်ချပ်
ရှိနေရင် မတူတူအောင်လိုက်ဆွဲလိုက်တယ်။

အထီးကျန်တာပေါ့ အမြဲတမ်းအခန်းထဲမှာ
ပုံဆွဲရင်းတနေ့တာကိုကုန်ဆုံးနေရတယ်။
အဖေက JeonHan ဖက်ရှင်ကုမ္မဏီ
အကြီးစားတစ်ခုရဲ့ပိုင်ရှင်ဆိုပါတော့။ ကျနော်ကတော့ဒီတိုင်းသူဌေးသားအမည်ခံ
ထားတဲ့ ဂျွန်ဂျောင်ဂုပေါ့။

ကုမ္မဏီကလည်းကြီးလေတော့ သတင်းမှာဆို
ရောင်းအားတက်ရင်ဖြစ်ဖြစ်
ရှယ်ယာဈေးအတက်အကျကအစပါလာ
တက်တယ်။ ဒီလိုပါပဲကုမ္မဏီကနာမည်ကြီး
တော့လည်း ပါလေရာပေါ့။ သူများတွေ
အမြင်မှာတော့အရမ်းကိုပျော်စရာကောင်းတဲ့
ဂျွန် မိသားစုကြီးပေါ့။ အဖေကတော့ကုမ္မဏီ
ပိုင်ရှင်ဆိုတော့ မနက်ဆိုအစောကြီးသွားညဆို
နောက်ကျမှပြန်လာတက်တယ် တခါတလေ
အရက်တွေအများကြီးသောက်ပြီးပြန်လာ
တက်တာပေါ့။

အမေကမရှိဘူးလား အမေဘယ်သွားလဲလို့
ခနခနမေးလေ့ရှိကြတယ်။ အမေလား
ကျနော်ရဲ့အမေက အမြဲတမ်းကလပ်ကိုသွား
အပျော်အပါးမက်တဲ့သူတစ်ယောက်ပေါ့။
အဖေကကုမ္မဏီမှာတခါတလေသတင်းစာ
ရှင်းလင်းပွဲတွေလုပ်တဲ့အခါကျရင် အမေ့
အကြောင်းကိုဘယ်သောအခါမှမပြောဘူး
သတင်းထောက်တွေမေးရင်တောင် အမေက
အိမ်မှာအေးဆေးနေတက်တယ်လို့ပြောလေ့
ရှိသည်။ အဖေသတင်းစာရှင်းလင်းပွဲမှာ
ပြောနေကျစကားကတော့ 'ကျနော့်ရဲ့
အိပ်မက်ကမိသားစုကိုအမြဲတမ်းပျော်ပျော်ရွှင်ရွှင်
ထားနိုင်ဖို့' တဲ့လေ နောက်ထပ်ပြောနေကျ
စကားကတော့ 'ကျနော့်သားဂျောင်ဂုက
အရမ်းကိုထူးချွန်တဲ့ကလေးပါပြီးတော့
ကျနော့်ခြေရာကိုလိုက်နင်းမဲ့ကလေး' တဲ့။

My Neighbour [KookJin]✔️Where stories live. Discover now