ZawGyi
________လူတွေကပြောကြတယ် ဘဝဆိုတာကံပါရင်
ဆုံမယ်ကံမပါရင်မဆုံဘူး။ အချို့တွေကဘဝ
မှာ ခွင့်မတောင်းပဲဝင်လာတက်ကြတယ်အချို့
တွေကတော့ခွင့်မတောင်းပဲထွက်သွားတက်
ကြတယ်။ အဲ့တော့တစ်ခုသိလိုက်တာက
မင်းနဲ့ငါနဲ့ ကံပါလို့ဆုံကြတာမလား။ရင်ထဲတော့လှပ်ကနဲဖြစ်သွားတယ်။
အဲ့ဒီနေရာလေးကိုတော်ရုံဆိုဘယ်သူ့ မှ
မလာကြဘူး ကျနော်တစ်ခုခုဖြစ်ရင်
တစ်ယောက်တည်းသွားပြီးဟိုတွေးဒီတွေး
တွေးနေတက်တဲ့နေရာလေးကိုဘယ်သူ့ မှ
မလာခဲ့ဘူး။ တခါတလေ ကလေးတွေက
ဆော့ရင်းနဲ့ ဟိုချောင်သွား ဒီချောင်သွားဆိုတော့
အဲ့ဒီနေရာလေးကိုခနခနလာလွန်းလို့သရဲ
ခြောက်တယ်ဆိုပြီးပြောခဲ့လို့မလာကြတာ။ဒီလိုတိတ်ဆိတ်ပြီး ခုံတန်းအစုတ်လေးတစ်လုံး
သာရှိတဲ့နေရာလေးကိုကျနော်ကလွဲပြီး
အခြားသူမသိ။ ဒါပေမဲ့ ကျနော့်ရဲ့တစ်ဦးတည်း
သော အဖြေရှာမရတဲ့ပုဒ်စာငယ်လေးက ဘာလို့
ဒီမှာရှိနေလဲသိချင်မိတယ်။အချိန်အတော်ကြာသူ့ ရဲ့ နောက်ကျောလေးကို
ကြောင်အမ်းအမ်းလေးဖြင့်ရပ်ကြည့်နေမိသည်။
ဒါပေမဲ့ ခနကြာတော့ သူခေါင်းလေးထောင်
လာပြီးကျနော်ရှိရာဘက်ကိုလှည့်ကြည့်သည်။
သူနဲ့မျက်လုံးချင်းအကြည့်ဆုံသွားတဲ့တစ်ခန
ရင်တွေတစ်လှပ်လှပ်ခုန်နေမိတယ်။ သူ့ ရဲ့
မျက်ဝန်းပေါ်မှာဖြတ်ပြေးနေတဲ့အဖြူရောင်
အလင်းတန်းလေးကလည်းလျှပ်ကနဲလျှပ်ကနဲ။နောက်တော့သူခုံတန်းလေးပေါ်မှာထိုင်နေရင်း
မတ်တပ်ရပ်လိုက်ပြီး သူသောက်လက်စ
ဆေးလိပ်ကိုပစ်လိုက်ပြီးခြေထောက်နဲ့ဖိခြေ
ကာငြိမ်းလိုက်သည်။"အာ...ဘာလို့လဲ...ဆက်သောက်ပါ ငါက
ဒီတိုင်းလာ...လာမိသွားတာပါ..."ဘာစကားမှပြန်မပြောပဲမျက်ဝန်းနက်လေး
များဖြင့်ရီဝေဝေခနကြည့်ကာမျက်နှာလေး
ပြန်လွှဲပြီးခုံတန်းလေးမှာပြန်ထိုင်သည်။
အစတုန်းကတော့ခုံတန်းအလယ်မှာထိုင်နေရင်း
အခုပြန်ထိုင်လေတော့ အစွန်းလေးကိုကပ်ထိုင်
သည်။"ထိုင်လို့ရပါတယ်~........."
သူ့ ဆီကစကားသံငြိမ့်ငြိမ့်အေးအေးလေး
ကြားရတော့လည်း စိတ်ကိုအတက်နိုင်ဆုံး
စုစည်းထားပြီး ခုံတန်းလေးဆီသို့ဖြေးဖြေးချင်း
လျှောက်သွားလိုက်သည်။
သူကဟိုဘက်နားလေးကိုကပ်ထိုင်တော့
ကိုယ်ကလည်းဒီဘက်ခုံအစွန်းနားကိုကပ်ပြီး
ထိုင်လိုက်တာပေါ့။
YOU ARE READING
My Neighbour [KookJin]✔️
Romanceအိမ်နီးချင်းဆိုရင်တောင် မင်းကငါအချစ်ရဆုံး အိမ်နီးချင်း~~ အိမ်နီးချင်းဆိုရင်တောင် မင်းကငါအချစ်ရဆုံး အိမ်နီးချင်း~~ KookJinFanfiction 🐹🐰