~Final~

2.9K 341 80
                                    

ZawGyi
________

ဒီနေ့ကတော့အရမ်းကိုစိတ်လှုပ်ရှားနေတဲ့
နေ့လို့ဆိုရမယ်။ ဘာလို့ဆိုကျနော်နဲ့
ချစ်ရသူပုစ္ဆာငယ်လေးနဲ့ ဆိုးလ်ကို
သွားပြီး ယွန်းဂီတို့ နဲ့ နမ်ဂျွန်းတို့ဆီ
သွားလည်မဲ့နေ့ဖြစ်သောကြောင့်ပင်။

အရင်ကတည်းကသတိရနေခဲ့တဲ့
သူငယ်ချင်းတွေဖြစ်ပေမဲ့ ကိစ္စမျိုးစုံ
ဖြစ်ပြီးလေတော့ ဖုန်းအဆက်အသွယ်ကလွဲပြီး
ကျန်တာတွေမဆက်သွယ်ဖြစ်ခဲ့လေတော့
သတိရတာပေါ့။

ခရီးသွားကားအကြီးကြီးပေါ်ကိုတက်ခါနီး
လက်ထဲကအထုပ်အပိုးအနည်းငယ်ကို
ဆွဲယူခြင်းခံလိုက်ရလေတော့ မျက်မှောင်လေး
တွန့်ချိုးပြီးအနောက်ကိုကြည့်မိသည်။

"ရား…ငါကလေးမဟုတ်ပါဘူး…ငါသယ်နိုင်
ပါတယ်ဟ…"

"လက်နာမယ်~…ကိုယ်ပဲသယ်မယ်
တက်သာတက်စမ်းပါ~…"

သူ့ ကိုကြည့်တော့လွယ်အိတ်တွေကော
ကိုယ့်အထုတ်တွေပါဆွဲထားရတာ ကိုယ်က
ဘာမှမကိုင်ထားတော့ ဟာလာဟင်းလင်း
ကြီးလိုကိုဖြစ်နေကော။
ကိုယ်ကသူ့ ဆီကနေ
အထုတ်လေးနည်းနည်းလောက်
လှမ်းဆွဲပေးရင်လည်း မျက်မှောင်ကြီးကြုံ့ပြီး
ပြန်ယူအုံးမယ်။

"သဘောပဲ…နောက်မှနော်…ကလေးက
ဘာမှမသယ်ဘူးဘာဘူးလာမပြောနဲ့…"

"မပြောပါဘူးဗျာ~…ကိုယ်ကဘယ်တုန်းက
ပြောဖူးလို့လဲတက်ပါလို့~…"

ကားအလယ်နားလောက်မှာနေရာယူပြီး
ထိုင်ကာ ကိုယ်ကတော့ပြတင်းပေါက်
မှန်ဘက်ပေါ့ကားကလည်းနည်းနည်း
မူးတက်ပေမဲ့ရှုခင်းတွေမြင်ရတဲ့
ဘက်မှာထိုင်လိုက်ရင်နေသာသလိုခံစားရသည်။

"ကလေး~…"

"ဟင်…"

"ကလေးကခါင်းမူးတက်တော့ ခေါင်းမူးတာနဲ့
ကိုယ့်ကိုချက်ချင်းပြောနော်ပြီးတော့
အန်ချင်တာပဲဖြစ်ဖြစ်ခေါင်းကရိပ်ကနဲ
မူးတာပဲဖြစ်ဖြစ်ကိုယ့်ကိုယ်ချက်ချင်းပြောနော် ကလေးကိုဆေးလူးပေးမယ် ပြီးတော့ကိုယ့်မှာ
ခေါင်းမမူးရအောင်ဆိုပြီးဆေးတွေအများကြီး
ယူလာတယ်သိလား~…"

"အေးပါလို့…ချက်ချင်းပြောပါမယ်
ငါကကလေးလား…သိပါတယ်ဟ"

"အင်းလေကလေးပဲကို~…"

My Neighbour [KookJin]✔️Where stories live. Discover now