~Extra~

3.2K 307 40
                                    

ZawGyi
________

"ဖြောက်...ဖြောက်...ဖြောက်..."

မိုးကစတင်ပြီးရွာလာပြီမို့ အိမ်ခေါင်မိုးပေါ်ကျတဲ့
မိုးစက်သံလေးတွေကိုနားထောင်ရင်း
လက်ထဲမှာကိုင်ဆောင်လာတဲ့ထီးလေးကို
ဖွင့်ဆောင်းလိုက်သည်။

"ရှဲ...ရှဲ..."

မိုးကတဖြေးဖြေးသည်းလာပြီမို့အသံတွေကလည်း
စတင်ပြီးကျယ်လာပြီဖြစ်သည်။
မိုးရေထဲထီးလေးတဆောင်းဆောင်းဖြင့်
ဟိုကြည့်ဒီကြည့် တစုံတစ်ယောက်ကိုစောင့်နေ
သည်က ဆော့ဂျင်ပင်ဖြစ်သည်။

ဂျောင်ဂုကနောက်ကျလိုက်တာ
အရင်နေ့တွေဆိုစောရဲ့သားနဲ့ဒီနေ့မှနောက်ကျ။
ဒင်းကထီးလည်းမယူသွားဘူးပြန်လာရင်
ကြွက်စုတ်ဖြစ်နေမှာကို မြင်ယောင်နေသေး။

"ဟက်...ချိုး!!...."

တကယ်တော့နေမကောင်းဖြစ်နေတယ်ဆိုရင်
မှန်လိမ့်မယ်။ ဂျောင်ဂုနဲ့ကျနော်နဲ့အချိန်တော်ကြာ
တိုင်ပင်ပြီးနောက် လုပ်ငန်းအသေးစားလေး
တစ်ခုလုပ်ဖို့တိုင်ပင်ကြသည်။ သိတဲ့အတိုင်း
ဂျောင်ဂုရဲ့ဝါသနာ ပါရာလေးက
ပန်းချီဆွဲတာမလား။ သူဝါသနာပါတာလေးကို
လုပ်ခွင့်ရတဲ့အပြင်ပိုက်ဆံလည်းရတဲ့အလုပ်ပေါ့။

ကျနော်တို့နှစ်ယောက်ဆိုးလ်ကိုပြောင်းလာပြီး
စုထားတဲ့ပိုက်ဆံလေးတွေနဲ့ ဆိုင်ခန်းတစ်ခု
ဝယ်လိုက်တယ်။ ပထမစစချင်းကတော့
ဘယ်လွယ်မလဲ ဒီတိုင်းလေးပဲ လာတဲ့
ဧည့်သည်တွေကိုဈေးသက်သက်သာသာနဲ့
ပုံတူပန်းချီကားဆွဲပေးပြီး ရှာရတာပေါ့။
နောက်တော့မှတဖြေးဖြေး ဂျောင်ဂုရဲ့ပန်းချီ
ပညာလေးနဲ့သေသေချာချာကျကျနန
ပန်းချီဆွဲပြီးပြခန်းအဖြစ်ပြထားတာပေါ့။

တဖြေးဖြေးနဲ့လုပ်ငန်းကအောင်မြင်စပြုလာတော့
လေလံတင်ရောင်းပွဲတွေမှာရောင်းတဲ့
အနုပညာ ပစ္စည်းလေးတွေပါ ထိုပြခန်းမှာ
စုဆောင်းထားတော့ လာကြည့်တဲ့သူတွေပါ
များလာတာပေါ့။ ပထမကတော့ သိပ်ပြီး
မအောင်မြင်လောက်ဘူးထင်ပေမဲ့ နောက်ပိုင်း
ယွန်းဂီတို့နမ်ဂျွန်းတို့ကပါအားဖြည့်ပေးလာတော့
တော်တော်ကိုအောင်မြင်တဲ့ပြခန်းကြီးဖြစ်သွား
တယ်။ ဝင်ကြေးတွေလည်းများစွာရသည်လေ။

My Neighbour [KookJin]✔️Where stories live. Discover now