ZawGyi
________ဒီအချိန်လေးခနကိုကျနော်ရပ်တန့်လိုက်ချင်
မိတယ်။ ဂစ်တာကိုကိုင်ထားပြီးမျက်ဝန်း
နက်လေးတွေနဲ့ ကိုယ့်ကိုယ်စိုက်ကြည့်နေသော
ရီဝေဝေအကြည့်လေး။ ဒါ့အပြင်မိုးစက်သံ
လေးတွေပေါ့ မမေ့နိုင်တဲ့မြင်ကွင်းလေးအဖြစ်
နှလုံးသားလေးရဲ့ဘယ်ဘက်ခြမ်းမှာသိမ်းဆည်း
လိုက်ပါပြီ ငါ့ရဲ့ပုဒ်စာ ငယ်လေးရေ။"ငါလည်း…မင်းပြောတဲ့…သီချင်းကို
ကြိုက်တယ်……"ဆော့ဂျင်ကိုစိုက်ကြည့်နေခဲ့ရင်းအကြည့်လွှဲ
သွားကာ လည်ဇလုတ်လေးလှုပ်ခတ်မိသည်။"ငါ~………တီးပြမယ်~………"
ဂစ်တာမှာကပ်ငြိနေတဲ့ဖုန်လေးတွေကို
မှုတ်ထုတ်လိုက်ပြီး လက်ချောင်းလေးတွေက
ဂစ်တာကြိုးပေါ်မှာ နေရာယူလိုက်သည်။"Remember when we first met~…
you said light my cigarette~……"သီချင်းစဆိုလိုက်တဲ့အသံလေး တခါမှသီချင်း
ဆိုတာကိုမကြားဖူးခဲ့ဘူး ဂစ်တာသံဇဉ်ကြိုး
လေးတွေကို လက်ချောင်းသွယ်သွယ်လေးတွေ
နဲ့တီးခတ်နေပြီး နှုတ်ခမ်းပါးလေးမှခပ်ရှရှချိုချို
ငြိမ့်ငြိမ့်သီချင်းသံလေး။ တကယ်ကိုရူးဖို့
လုံလောက်ပါပြီ ပုဒ်စာငယ်လေးရယ်။သူ့ ရဲ့သီချင်းသံဇဉ်တွေမှာနစ်မြောနေမိတယ်။
အသံချိုချို လေးကိုတနေကုန်တညလုံးနား
ထောင် ခိုင်းရင်တောင်မှပျော်ပျော်ကြီးကို
နားထောင်လိုက်ပါမယ် ငါ့ရဲ့ပုဒ်စာငယ်လေးရယ်။"blue eyes black jeans~…lighter
and candy I've been a fool~……
but strawberries and cigarettes
always taste like you~…………"သီချင်းအဆုံးလေးမှာ အသံငြိမ့်ငြိမ့်လေးဖြင့်
အဆုံးသတ်လိုက်ကာ ဂစ်တာကြိုးလေးပေါ်မှာ
ဖိကပ်ထားတဲ့လက်ချောင်းသွယ်သွယ်လေး
တွေမှာလည်း ပြေလျော့သွားလေပြီး မျက်ဝန်း
နက်များနှင့်စိုက်ကြည့်လာသည်။သူ့ နဲ့အကြည့်ချင်းဆုံရင်ရင်တွေလည်းအဆက်
မပြတ်ခုန်လာတာမို့ ခြေဖျားလက်ဖျားတွေပါ
အေးစက်လာလေသည်။ လက်တွေတဆက်ဆက်
တုန်လာလေပြီး။"အာ…တော်…တော်လိုက်တာ…"
အသက်မပါတဲ့အပြုံးဖြင့်လက်ခုပ်တီးမိသည်။
အခုချိန်မှာအမူအယာကကြောင်တောင်တောင်
နိုင်နေကောင်းနိုင်နေလိမ့်မယ် ဒါပေမဲ့စိတ်ထဲ
လည်းဘာမှမသိတော့ပေ။
YOU ARE READING
My Neighbour [KookJin]✔️
Romanceအိမ်နီးချင်းဆိုရင်တောင် မင်းကငါအချစ်ရဆုံး အိမ်နီးချင်း~~ အိမ်နီးချင်းဆိုရင်တောင် မင်းကငါအချစ်ရဆုံး အိမ်နီးချင်း~~ KookJinFanfiction 🐹🐰