~23~

2.5K 305 35
                                    

ZawGyi
________

လူတွေကပြောကြတယ် စိတ်ကစားတဲ့အရွယ်က
ချစ်ကြိုက်ခဲ့တဲ့အချစ်ဦးနဲ့ ကြာကြာမြဲတယ်
ဆိုတာမရှိသလောက်ပဲတဲ့။ ကျနော်ကတော့
အဲ့လိုစကားတွေကြားရင် ပြုံးမိတယ်။
တကယ်တော့ ချစ်သူနှစ်ယောက်ရဲ့ချစ်သူ
ဖြစ်တဲ့ သက်တမ်းက ကာယကံရှင်တွေနဲ့ပဲ
သက်ဆိုင်တယ်လေ။ နှစ်ယောက်စလုံးက
ယုံကြည်မှုတွေနဲ့တည်ဆောက်ထားရင်မြဲကို
မြဲပါတယ်။

ဘယ်လောက်ပဲစိတ်ကစားတဲ့အရွယ်ဖြစ်ပါစေ
သစ်ရွက်လေးလှုပ်ရင်တောင် ရီတတ်တဲ့အရွယ်
ဖြစ်ပါစေ ကိုယ်တကယ်ချစ်မိရင် အချစ်ပါပဲ။

ဒီနေ့မနက်ခင်းကျနော်တို့အိမ်မှာနည်းနည်းတော့
ကွိုင်ရှိနေတယ်။ ကျနော်ကတော့အတက်နိုင်ဆုံး
မသက်မသာကြီး သွားကိုဖြီးပြီးနေနေရတယ်။
ဖေဖေနဲ့ဦးလေးကတော့လက်ကြီးပိုက်ပြီး
ကြည့်နေလေရဲ့ မေမေကတော့ပုံမှန်လေးပဲ။
ကြီးကြီးကတော့အခုထိအကြောင်းမသိသေး
တာကြောင့်ဘာမှမသိတဲ့ပုံစံလေးပေါ့။

ကွိုင်ကတော့နည်းနည်းရှိတာပေါ့ဟဲဟဲ
ဘာကွိုင်လဲဆိုတော့ကာ……

"ဆော့ဂျင်…"

"ဗျာ…"

"ဘယ်လောက်ကြာပြီလဲ…"

အဖေကလက်ကြီးပိုက်ပြီးမျက်နှာကိုလည်း
တစက်မှမကြည့်ပဲမေးတာကြောင့်အနည်းငယ်
ထိတ်လန့်မိသည်။ ဖေဖေကရုပ်တည်နဲ့ပြောတယ်
ဆိုတာရှားသည်မလား။

"ဟို…မ…မပြောတက်ဘူး"

"ဆော့ဂျင်!!…"

"အာ…ဟို…သား…ဟိုအိမ်မှာနေကတည်းကပါ"

"သူ့ မိဘတွေကောသိလား…"

"သိ…သိတယ်ထင်တာပဲ…"

ဟုတ်တာပေါ့ထင်တဲ့အတိုင်းပဲညတုန်းက
အိမ်နီးချင်းကြီးနဲ့ပြွတ်စ်နေတာကို ဒယ်ဒီ
ဖားသားအာဖူးဂျီးကမြင်သွားတယ်လေ။
ဘယ်လောက်တောင်ဂွကျလဲဆိုတာစစချင်း
ဖေဖေပြောတုန်းကဆိုလူကကြွက်တွင်းပေါက်ထဲ
ဝင်ပုန်းချင်မိသွားတယ်။

"ဟို…ဟို…"

"ဆော့ဂျင်…ဒါကအဖေတို့ကနားလည်နိုင်ပေမဲ့
သူ့ မိဘတွေအတွက်ကကော…"

My Neighbour [KookJin]✔️Where stories live. Discover now