~17~

2.5K 332 27
                                    

ZawGyi
________

သူငယ်ချင်းတွေနဲ့စခန်းချခရီးထွက်တာဒီတခါ
ပထမဆုံးလို့ဆိုရမယ်။ တခါမှရပ်ဝေးကိုခရီး
မထွက်ဖူးဘူး ဒီတခါတော့နည်းနည်းထူးခြား
သွားသည်။ ချစ်ရသူလေးနဲ့ပါသွားရတယ်ဆိုတော့
ကျနော့်အတွက်ကံကောင်းခြင်းအတိပါပဲ။

ယွန်းဂီမြောက်တာနဲ့မက်ဂျူကအသောက်လွန်
သွားတော့ညလယ်ခေါင်လောက်မှာမျက်လုံးက
ဖွင့်လာသည်။ ခေါင်းတွေကလည်းကိုက်ခဲနေတာ
လှုပ်တာနဲ့ခေါင်းထဲကလှုပ်နေကော။ ခါးမှာ
အနည်းငယ်တင်းကြပ်နေတဲ့အရာကိုလှမ်းကြည့်
လိုက်လေတော့ ဂျောင်ဂုရဲ့လက်ကလေးပင်။
အိပ်နေရင်းခါးကိုဖက်ထားတာပဲ ဂျောင်ဂုကတော့
အိပ်မောကျနေတယ်ထင်သည် လှုကိုမလှုပ်။
ချစ်ရသူရဲ့မျက်နှာလေးကိုကြည့်မိသည်
စီးကရက်သောက်တက်တဲ့နှုတ်ခမ်းလေးက
ခရမ်းရောင်လေးနည်းနည်းသန်းနေသည်။

မသောက်ပါနဲ့တော့လားဂျောင်ဂုရယ်လို့
ပြောချင်မိပေမဲ့ ချစ်သူကကြိုက်တယ်လေ
ကိုယ့်ကြောင့်နဲ့မသောက်တော့ဘူးဖြစ်မှာကိုလည်း
စိုးရိမ်မိသေးတယ်။ ဒါပေမဲ့စီးကရက်ကိုအလွန်
အကျွံသောက်ရင်လည်းမကောင်းပြန်ဘူးလေ။
ဒါပေမဲ့တခုရှိတာက ကျနော့်ရှေ့မှာဆို
ဘယ်တော့မှမသောက်ဘူး။ တခါတလေတွေးမိ
တယ် ဒီကောင်လေးကငါ့ချစ်သူဖြစ်နေတာ
တကယ်လားဆိုပြီးတော့ပေါ့ အရင်ကတည်းက
တိတ်တခိုးချစ်လာရတဲ့ကောင်လေးကချစ်သူ
ဖြစ်လာတယ်ဆိုတော့ ဘယ်တော့မှမယုံနိုင်
ဖြစ်ခဲ့တယ်။ သူဖွင့်ပြောတဲ့နေ့ကဆိုရင်တွေ
ခုန်နေတာအဆက်မပြတ်ပဲ။

မျက်တောင်လေးတွေအနည်းငယ်လှုပ်လာတော့
ပြန်ပြီးလှဲချမိတယ်။ ကိုယ့်ကြောင့်နဲ့နိုးသွားမှာ
ဆိုးလို့။ အိပ်နေရင်းနဲ့တောင်ကြည့်ကောင်းလွန်း
တဲ့ ပုဒ်စာငယ်လေး။ ကြည့်နေရင်းနဲ့မျက်လုံး
လေးကဖွင့်ဟဖွင့်ဟ နဲ့ဖြစ်လာပြီး လှမ်းကြည့်
နေသည်။ ကိုယ်ကြည့်နေတာကိုမြင်တော့
ခပ်ရေးရေးလေးပြုံးသည်။

"မအိပ်ဘူးလား~…"

"သိပ်…အိပ်မပျော်လို့…"

ဆံပင်လေးတွေအနည်းငယ်ကျနေသည်ကို
ဂျောင်ဂုလက်ကလေးနဲ့ဖွဖွလေးသပ်တင်ပေး
သည်။ အကြည့်လေးတွေကရီဝေဝေလေးနဲ့ပေါ့။

My Neighbour [KookJin]✔️Where stories live. Discover now