ZawGyi
________အခြေအနေကဘယ်လိုကြီးလဲကျနော်အခု
ဖွင့်ပြောခံလိုက်ရတာလား။ ဒါပေမဲ့မသေချာ
ပါဘူးတိုက်ဆိုင်သွားတာလဲဖြစ်နိုင်တာပဲလေ
တဇွတ်ထိုးတွေးလို့မှမရတာတော်ကြာကိုယ်
တွေးတာနဲ့တခြားစီဖြစ်ရင်ကိုယ်ပဲအရှက်တွေ
ကွဲရမှာ။အရင်ဆုံးစိတ်ကိုအေးအေးလေးထားပြီးခန
စဉ်းစားနေလိုက်တယ်။ ဒီအဖြေလေးက
ထူးဆန်းကောင်းထူးဆန်းနိုင်နေလိမ့်မယ်
ဒါပေမဲ့ တိုက်ဆိုင်သွားတာလဲဖြစ်နိုင်တာပဲလေ။
ငါ့ကိုစဉ်းစားစရာတွေအရမ်းပေးတာပဲကွာ
မင်းကိုယ်တိုင်ကလည်းငါ့အတွက်တကယ်ကို
အဖြေရှာမရတဲ့ပုဒ်စာငယ်လေးပါပဲ။လောလောဆယ် အဖြေထွက်ဖို့ကအဓိက
ဆိုတော့ အဖြေလည်းထွက်ပြီဒါကြောင့်
တာဝန်ကျေပြီ အဲ့တော့မနက်ဖြန် ဂျောင်ဂုက
ကျောင်းလာမယ်လို့ပြောတော့ မနက်ဖြန်သူ့ ကို
အဖြေပေးရမယ်။ ဆိုလိုတာကသင်္ချာတွက်ထားတဲ့
အဖြေကိုပြရမယ်။အိပ်ဖို့အသင့်အနေအထားနဲ့အိပ်ယာထဲကို
လှဲချလိုက်တာပဲ ဒါပေမဲ့ရင်တွေခုန်နေတာကြောင့်
အိပ်ပျော်ပါ့မလားတောင်မသိ။ ဟူးးအရင်ဆုံး
စိတ်ကိုအေးအေးထားပြီးအေးအေးချမ်းချမ်း
လေးတွေကိုမျက်လုံးထဲမြင်ပြီးအိပ်ရမယ်။
ဒါပေမဲ့ ကျနော့်အတွက်အေးချမ်းရာလေးက
ဟိုဘက်အိမ်က ပုဒ်စာငယ်လေးဆိုတော့
မျက်လုံးမှိတ်လိုက်တိုင်းသူ့ ရဲ့မျက်နှာလေးပဲ
ပေါ်နေတယ်။ မင်းငါ့အပေါ်အရမ်းစိုးမိုးတာပဲ။🏠 . 🏠 . 🏠
ဒီနေ့ကတော့တကယ့်ကိုပျော်သောနေ့ပါပဲ။
ပုဒ်စာငယ်လေးကလည်းဒီနေ့ကျောင်းကို
လာမယ်တဲ့ ရာသီဥတုကလည်းသာယာနေ
လိုက်တာ။ ငှက်ကလေးများရဲ့သာယာစွာ
တွန်ကြူးသံလေးတွေကလည်း နားအတွင်း
ငြိမ့်ငြိမ့်ညောင်းညောင်းလေးနဲ့ပေါ့။ဆော့ဂျင်တို့ရဲ့နေ့စဉ်ပုံမှန်အလုပ်ဖြစ်တဲ့
နွားနို့သွားယူရမယ့်အလုပ်ကလည်းပြီးပြီ
ဆိုတော့အစောကြီးပဲရှိသေးတယ် ပုံမှန်ဆို
မနက် 6 ခွဲမှထပေမဲ့ ဒီနေ့တော့စိတ်တွေက
လှုပ်ရှားနေတာနဲ့ မနက် 6 နာရီကတည်းက
မျက်လုံးကကြောင်နေကော။
YOU ARE READING
My Neighbour [KookJin]✔️
Romanceအိမ်နီးချင်းဆိုရင်တောင် မင်းကငါအချစ်ရဆုံး အိမ်နီးချင်း~~ အိမ်နီးချင်းဆိုရင်တောင် မင်းကငါအချစ်ရဆုံး အိမ်နီးချင်း~~ KookJinFanfiction 🐹🐰