~19~

2.4K 293 21
                                    

ZawGyi
________

ဂျောင်ဂုရဲ့ရင်ခွင်ကျယ်မွှေးမွှေးလေးတွေ
သတိရတာပေါ့ လွမ်းဆွတ်ခြင်းများစွာနဲ့
ဒီလူသားကိုသတိရနေခဲ့တာ။
သူများတွေအမြင်မှာတော့အရမ်းပိုတာပဲလို့
ပြောကောင်းပြောနိုင်ပေမဲ့ ကျနော်သိပ်ချစ်ရတဲ့
လူသားနဲ့နည်းနည်းလေးမှမခွဲနိုင်။

"ကလေး~…နောက်ဆိုအဲ့လိုမလုပ်နဲ့
ပြုတ်ကျရင်ကိုယ်ရင်ကျိုးရမှာ~…"

ဂျောင်ဂုကစကားဆိုလာတော့ရင်ခွင်ထဲမှ
အကောင်ပေါက်ကမျက်မှောင်ကိုတွန့်ချိုးပြီး
မော့ကြည့်သည်။ ဒီလောက်လွမ်းလွန်းလို့
သတိရလို့ ဂျက်ကီဝူခုန်းသိုင်းကွက်တွေပါ
ထုတ်သုံးပြီးလာတာကိုသူကအပြစ်ဆိုနေသေး။

"ငါ့အပြစ်လား…"

"ဟာ~…ကိုယ်ကအဲ့လိုသဘောမျိုးပြောတာ
မဟုတ်ပါဘူးကိုယ်ကစိတ်ပူလို့ပြောလိုက်
တာပါ~…ကလေးကကိုယ့်ကိုလွမ်းနေရင်
ဖုန်းဆက်လိုက်လို့ရတာပဲလေ~…ကိုယ်
ဘယ်အချိန်ဘယ်နေရာမှာရောက်နေပါစေ
ကလေးဆီကိုကိုယ်လာမှာပေါ့~……"

စကားဆုံးသည်နှင့်ဂျောင်ဂုကိုပိုတိုးလို့
ဖက်လိုက်ပြီး။

"ငါသတိရနေတာ…"

"ကိုယ်ကောပါပဲ~…သတိရနေတာကို
ပြောမပြတက်ပဲ~…"

"လူလိမ်…"

"လူလိမ်?…"

"Ms ပို့တာကိုတောင်ပြန်မပို့တဲ့သူကများ
သတိရတယ်ဆိုတာကိုပြောနေသေးတယ်
အကြီးစားလူလိမ်ပဲ…"

"မဟုတ်ရပါဘူး~…ကိုယ့်မှာကိစ္စလေး
ရှိလို့ပါ~…"

"ဘာကိစ္စလဲငါ့ကိုမပြောနိုင်လောက်တဲ့ထိလား"

"ဟူး~…"

အဓိပ္ပာယ်တွေများစွာပါနေတဲ့သက်ပြင်းရှည်လေး
တစ်ခု။ ဆော့ဂျင်သိပါတယ်ဂျောင်ဂု
ဘယ်လောက်ထိပင်ပန်းနေမလဲ ဒါပေမဲ့ဖြစ်နိုင်တာကတော့အိမ်ကိစ္စတော့
ဖြစ်ချေလောက်မည်။ ပြောပြဖို့
ခဲယဉ်းနေမှန်းလည်းနားလည်ပါသည်ဒါကြောင့်။

"ဟို…ရပါတယ်…ငါကဒီတိုင်းသတိရလို့
လွမ်းလို့ပြောလိုက်တာပါ…မင်းအဆင်ပြေမှ
ငါ့ကိုပြောလည်းရပါတယ်…ဒီတိုင်းမင်းကို
စိတ်ဖိစီးမခံစေချင်ဘူး…"

My Neighbour [KookJin]✔️Where stories live. Discover now