~18~

2.3K 325 45
                                    

ZawGyi
________

ဒီနေ့နဲ့ပါဆို 2 ရက်မြောက်နေ့......

ဂျောင်ဂုကိုမတွေ့ရတာ 2 ရက်မြောက်တဲ့
နေ့ဖြစ်သည်။ သတိရလွန်းလို့ရူးတော့မယ်
ရင်ထဲမှာလည်းပူလောင်ခြင်းအတိဖြစ်သည်။
ကိုယ့်ကိုပြောသွားရင်တော့တမျိုးအခုက
မပြောမဆိုကြီးထွက်သွားတော့ကျန်ခဲ့ရတဲ့
လူကဟာတာတာကြီးဖြစ်နေသည်။

Ms ပို့လေတော့လည်း Seen တောင်မပြပေ။
ဂျောင်ဂုရယ်မင်းဘယ်ဆီတွေများရောက်နေ
ပြီလဲ။ မင်းအဆင်ကောပြေရဲ့လားနေကော
ကောင်းရဲ့လား။ ကျောင်းဖွင့်တာမနေကဖြစ်ပြီး
ကျောင်းလည်းမလာပေ။ သူ့ အိမ်ကိုလှမ်း
ကြည့်လေတော့လည်းအရိပ်ယောင်တောင်မတွေ့
စိတ်ဆိုးလိုက်ချင်သည် ပေါက်ကွဲလိုက်ချင်သည်
ဒါပေမဲ့လည်း စိတ်ပူတာကော စိတ်တိုတာကော
သတိရတာတွေကောအကုန်ရောပြွန်းနေတော့
ဘယ်လိုလုပ်ရမှန်းကိုမသိ။

အချိန်ကိုကြည့်တော့ညဘက် 10 နာရီတောင်
ခွဲလေပြီ။ မနက်ရောက်ရင်ကျောင်းတက်ချင်
တဲ့အားကိုမရှိပေ။ သချာင်္အမှတ်ကောင်း
သော်လည်း ကောင်းကောင်းမပျော်ရတဲ့အဖြစ်။
ကိုယ့်ဘက်က conversation တွေများနေတဲ့
ms လေးကိုထပ်ပြီးပို့ကြည့်လိုက်သည်။

"ဂျောင်ဂု...သတိရတယ်..."

seen တောင်မပြပေ ထပ်ပြီးဇွဲမလျှော့ပဲ
ထပ်ပို့ကြည့်လေသည်။

"အဆင်ပြေရဲ့လား..."

လက်လျှော့လိုက်ချင်မိတယ် စာဆက်မပို့ပဲ
နေချင်လိုက်မိပေမဲ့ မနေနိုင်မထိုင်နိုင် 5 min
တစ်ခါ seen ပြ မပြ ကိုထိုင်ကြည့်နေမိသည်။

နောက်ဆုံးသူ့ ဘက်က Seen ပြခဲ့လေပြီ။

ရင်တွေလည်းတလှပ်လှပ်နဲ့ခံစားရသည်။
ပျောတာလားစိတ်တိုတာလားလည်းမသဲကွဲ
တော့ပေလောလောဆယ်ခုန်လှုပ်နေတဲ့ရင်ဘတ်
အစုံကိုလက်နဲ့ဖိပြီး တုန်ရီနေသောလက်တွေ
ကိုလည်းပြန်ထိန်းပြီး။

"ဂျောင်ဂု...အဆင်ပြေရဲ့လားလို့..."

ထပ်ပို့လေတော့ချက်ချင်းကိုပဲ seen ပြ
လေသည်။ သူ့ ဘက်ကစာရိုက်တဲ့ပုံစံလေး
ပေါ်နေတော့ရင်တလှပ်လှပ်နဲ့စောင့်ဆိုင်း
နေမိသည်။ ဒါပေမဲ့...5 min လောက်သာ
ကြာသွားသည်ဘာစာမှမပြန်ပေ။ မျက်မှောင်ကို
တွန့်ချိုးမိသည် မျက်ဝန်းများလည်းမျက်ရည်
များဝဲနေလျက်ပင်။ ဖုန်းကိုပါဝါပိတ်ချလိုက်ပြီး
အိပ်ယာထဲမှာစောင်ကိုအကုန်လုံးခြုံပြီးမီးကိုပါ
အမှောင်ပိတ်ချလိုက်ပြီး အိပ်မပျော်ပျော်
အောင် အိပ်လိုက်သည်။

My Neighbour [KookJin]✔️Where stories live. Discover now