~4~

2.8K 368 43
                                    

ZawGyi
________

တခါတလေလူ့ ဘဝမှာမထင်မှတ်ထားတဲ့
အရာတွေကလည်းဖြစ်လေ့ဖြစ်ထရှိပါတယ်။
မထင်မှတ်ထားတဲ့အရာတွေကအမြဲတမ်း
ခွင့်မတောင်းပဲဝင်လာတတ်ကြတာပေါ့။

အတတ်နိုင်ဆုံးဘာမှမဖြစ်သလိုပုံစံနဲ့ပဲ
အခန်းထဲသို့ဝင်လာလိုက်တာပေါ့။ ပုံမှန်လေး
ကိုယ့်နေရာကိုကိုယ်လျှောက်လာလိုက်ပြီး
ပုံမှန်လေးပဲဝင်ထိုင်လိုက်တယ်။
ဒါပေမဲ့ထိုင်နေရင်းနဲ့အနောက်ဘက်မှာ
သူရှိနေတယ်ဆိုတဲ့အသိကဝင်ဝင်လာတာကြောင့်
ရင်တွေပဲခုန်လာတာလား ဘာဖြစ်တာလဲတော့
မပြောတတ်ဘူး။ ချွေးတွေကအစနဖူးပြင်မှာ
နေရာယူထားတယ်။

တိတ်ဆိတ်လွန်းနေတယ်။ အခန်းထဲမှာ
နှစ်ယောက်တည်မို့နေရတာအဆင်မပြေ
လာတော့ဘူး။ ယွန်းဂီကိုသာသေအောင်
တနေရတယ်။

"ချလောက်..."

တံခါးကိုတွန်းဖွင့်သံကြားလို့စိတ်ထဲ
တော်တော်တော့နေလို့ကောင်းသွားတယ်။
ဘယ်သူများလဲလို့ကြည့်လိုက်လေတော့
မနေ့ကတုန်းကတည်းကမတွေ့ဖူးတဲ့
မျက်နှာအသစ်လေးပင်။

ပါးချိုင့်ကလေးကတော့အရမ်းကိုပဲထင်းနေသည်။
ဉာဏ်လည်းကောင်းမဲ့ပုံပေါက်သည်။
အရပ်ကတော့ရှည်ပြီးခန္ဓာကိုယ်ခပ်တောင့်
တောင့်နှင့်အတော်ပင်ကြည့်ကောင်းလှသည်။

"အော်...ဂျောင်ကု..."

'ဂျောင်ဂု'တဲ့ဒါဆို သူကဂျောင်ဂုရဲ့သူငယ်ချင်း
များလား။ ငါတော့သေချင်တာပဲယွန်းဂီရေ။

ထိုကောင်လေးရဲ့ခေါ်သံအဆုံးမှာပဲအနောက်
ဘက်မှအနည်းငယ်လှုပ်ရှားသွားသည်ကို
ဆော့ဂျင်ခံစားမိလေသည်။ ပါးချိုင့်ကိုထင်း
နေတဲ့ကောင်လေးကဂျောင်ဂုနားကိုသွားပြီး
ဂျောင်ဂုရဲ့ဘေးဘက်ခုံမှာနေရာယူလိုက်သည်။
ဆော့ဂျင်နဲ့ယှဉ်ရင်တော့ ဆော့ဂျင်ရဲ့
ဘယ်ဘက်အနောက်ဘက်ခြမ်းပင်ဖြစ်သည်။

ထိုပါးချိုင့်နဲ့ကောင်လေးကတော့နေရာဝင်ယူ
လိုက်ပြီးဂျောင်ဂုနဲ့စကားပြောလေသည်။

"ငါမနေ့ကမလာတာဆရာမဘာမှမပြော
ဘူးလား......"

"မပြောဘူး~......"

My Neighbour [KookJin]✔️Where stories live. Discover now