ZawGyi
________လူတိုင်းရဲ့ဘဝမှာတော့အပျော်ရွှင်ရဆုံး
အချိန်ဆိုရှိကြမှာပဲ။ ကျနော့်ဘဝမှာအရမ်း
ပျော်ရွှင်ရတဲ့အချိန်တော့သိပ်ပြီးမရှိသေးဘူး
ဆိုပါတော့။ ဒါပေမဲ့အခုချိန်ခနလေးကိုတော့
တချက်လောက်ရပ်ထားချင်မိတယ်။"အာ…အော်…ပန်း…ပန်းအဓိပ္ပာယ်လေးက
လှ…လှလိုက်တာနော်…""ဟင်း~………ဟုတ်တယ်~…"
ခေါင်းလေးကိုအောက်လေးငိုက်ပြီးခပ်သဲ့သဲ့
ရီသံလေးဖြင့်ပြောသည်။"အာ…ဟို…ကျေး…ကျေးဇူးပါနော်
ပန်း…ပန်းလေးအတွက်…""မလိုပါဘူးကွာ~………"
"ကျေး…ကျေးဇူးပါ……"
"နောက်တော့~………"
သူ့ စကားသံငြိမ့်ငြိမ့်လေးကိုဂရုတစိုက်
နားထောင်မိသည်။ သူ့ ရဲ့စကားတခွန်းတိုင်းက
လူကိုစွဲမက်စေတယ်။ စကားသံအဆုံးလေးမှာ
ညင်ညင်သာသာငြိမ့်ငြိမ့်လေးနစ်ဝင်သွားတာကို
တကယ်ရူးသွပ်မိတယ်။ အဲ့အသံလေးနဲ့သီချင်း
ဆိုရင်ဘယ်လောက်တောင်ကောင်းမလဲ။"သင်္ချာတွေနားမလည်လို့လား~………"
"အာ…ဟို…ရပါတယ်…ငါအဲ့လောက်က
အဆင်ပြေပါတယ်……""မဟုတ်ပါဘူး…ငါအမှတ်မထင်ကြားမိ
လို့ပြောတာပါ~……အိမ်ကနီးနေတယ်လေ~""အော်…အဲ့…အဲ့ဒါ…စိတ်ထဲထားမနေပါနဲ့
ဒီတိုင်း…ငါနည်းနည်းပိုလေ့ကျင့်လိုက်ရင်
ရပါတယ်……""ငါကူညီပေးရမလား~……"
"အယ်…အယ်နေပါ…ရပါတယ်…ရပါတယ်
မ…မလိုပါဘူး…အားနာ…စရာကြီး…ဒီ
ဒီတိုင်းလုပ်ကြည့်လိုက်ပါမယ်နော်…အခု
အခုလို…ပြောပေးလို့…ကျေး…ကျေးဇူးပါ
နောက်တော့…ပန်းလေးအတွက်ကောပဲ…"ဒီလိုနဲ့အိမ်ဘက်ကိုသာအမြန်လှည့်ပြီးပြန်ခဲ့
ရလေသည်။ လှုပ်ခတ်နေတဲ့ရင်ဘတ်
ဘယ်ဘက်ခြမ်းအစုံကိုလည်းမနည်းရအောင်
ထိန်းလိုက်လေပြီး။ အသက်ကိုမနည်းဝအောင်
ပုံမှန်ရှူလိုက်တယ် မျက်လုံးလေးမှိတ်သက်ပြင်း
လေးတချက်ဖြေဖြေလေးချလိုက်ပြီး။
YOU ARE READING
My Neighbour [KookJin]✔️
Romanceအိမ်နီးချင်းဆိုရင်တောင် မင်းကငါအချစ်ရဆုံး အိမ်နီးချင်း~~ အိမ်နီးချင်းဆိုရင်တောင် မင်းကငါအချစ်ရဆုံး အိမ်နီးချင်း~~ KookJinFanfiction 🐹🐰