~6~

2.8K 391 69
                                    

ZawGyi
________

ဒီနေ့ကတော့ခံစားချက်တွေတော်တော်
ရှုပ်ထွေးတဲ့နေ့ လို့ပြောလို့ရတယ်။ မနက်ကပဲ
ယွန်းဂီရှေ့မှာကောဂျောင်ဂုရှေ့မှာကော
အရူးလိုပဲငိုပြီးသွားပြီ။ စဉ်းစားမိပါရဲ့ကျနော်က
ဂျောင်ဂုနဲ့တွေ့ရင်ခံစားလွယ်တာများလား။

အဆက်မပြတ်ခုန်နေတဲ့ရင်ဘတ်အစုံကို
မနည်းထိန်းရင်းနဲ့ပဲကားစီးလာခဲ့ရသည်။
ဘေးဘက်ကိုလည်းတချက်မှမစွေမစောင်းရဲ။
ကားပြတင်းပေါက်အပြင်ဘက်ကိုသာ
ငေးမိသည်။ သို့ပေမဲ့တချက်တချက်သူ့ ရဲ့
ကိုယ်သင်းနံ့မွှေးမွှေးလေးကနှာခေါင်းထိပ်ဝ
နားသို့ရှပ်ပြေးသည်ကိုသတိထားမိသည်။

တဖြေးဖြေးနဲ့အိမ်ကိုရာက်တော့မှာမို့လို့
ထရန်ပြင်လိုက်သည်။ ဂျောင်ဂုကိုမသိမသာ
ကြည့်လိုက်တော့နေမြဲအတိုင်းပင်။

"ဟို…မဆင်း…ဘူးလား…"

စကားလေးနည်းနည်းစလိုက်တော့သူ့ ရဲ့
မျက်ဝန်းနက်တွေကကိုယ့်ဘက်တချက်
ကြည့်လာသည်။ မျက်လုံးတွေကလူကို
ရီဝေဝေဖြင့်ကြည့်လေပြီးမသိလိုက်ခင်
မှာပဲသူ့ ရဲ့မျက်ဝန်းနက်တွေကိုစိုက်ကြည့်
မိသွားတယ်။

သူ့ ရဲ့မျက်ဝန်းတွေပေါ်မှာလည်းအဖြူရောင်
အလင်းတန်းတွေကလည်းလျက်ကနဲလျက်ကနဲ
ဖြတ်ပြေးနေသည်။ ရင်တွေလည်းအရမ်းကို
ခုန်နေမိတယ်။ သူ့ ကိုဒီလောက်ထိအကြာကြီး
စိုက်ကြည့်ဖူးတာ ဒါပထမဆုံးပါပဲ။

"အော်…ငါ…ခြေထောက်အဆင်ပြေသွား
ပါပြီ…ဟို…ကောင်း…ကောင်းသွားပါပြီ…"

ကျနော့်ကိုသူတချက်မျက်ဝန်းနက်တွေနဲ့
ကြည့်ပြီးသူဖယ်ပေးသည်။ ကျနော်လည်း
သူ့ ဘေးနားကဖြတ်ပြီးကားအပေါက်ဝ
ကိုသာသွားလိုက်တယ်။ သူကတော့အနောက်မှ
ကပ်လိုက်လာသည်။

တကယ်တော့အဆင်မပြေပါ။ နေရလည်း
ခက်လာသလိုရင်တွေကလည်းခုန်လာတယ်။
ကိုယ့်ကိုယ်ကိုယ်သတိပေးနေပေမဲ့ခံစားချက်
တွေထိန်းချုပ်မရဖြစ်သည်။

နောက်ဆုံးသောရောက်ပြီဖြစ်လို့ကားတံခါး
ဖွင့်တော့ဆင်းတော့မယ့်အချိန်မှာ။

"ဟင်…"

အကျီ င်္ကိုသာသာလေးလှမ်းဆွဲပြီး။

"ဖြေးဖြေးဆင်း~……"

My Neighbour [KookJin]✔️Where stories live. Discover now