~21~

2.2K 320 49
                                    

ZawGyi
________

ကံကြမ္မာလေးရယ်ကိုယ့်အပေါ်ကိုရက်စက်တော့
မှာလား။ ရင်ဝတည့်တည့်ကိုခြေစုံဆောင့်ကန်
လိုက်သလိုခံစားရတယ်။ လရောင်အောက်က
မင်းရဲ့မျက်နှာလေးကိုလည်းကိုယ်မမြင်နိုင်
တော့။ မျက်ဝန်း၌အခိုးငွေ့များရိုက်ခတ်နေသည်။

"ကလေး~…"

"လမ်းခွဲကြရအောင်…နော်…"

မယုံဘူးမင်းပြောတဲ့စကားကိုလုံးဝမယုံဘူး
မင်းလည်းဝမ်းနည်းနေတယ်မလားမင်းအခြား
သူတွေကိုသာလိမ်လို့ရမယ်ကိုယ့်အပေါ်ကိုတော့
မင်းလုံးဝလိမ်လို့မရဘူး။

"ဆော့ဂျင်~…ဘာ…ဘာတွေပြောနေတာလဲ~…"

"လမ်း…လမ်းခွဲရအောင်နော်…"

"မရဘူး…မရဘူး…မနေ့ကထိအကောင်းကြီး
ရှိနေတာကိုလေ~…ဘာ…ဘာလို့လဲ…"

မျက်ဝန်းအိမ်မှမျက်ရည်စက်များလည်း
အဆက်မပြတ်ကျဆင်းနေသည်။ ဘယ်သူ့ မှလည်း
မမြင်နိုင်တော့ဘယ်သူမှလည်းမသိနိုင်တော့
လောလောဆယ် ဒီရင်ဘတ်ကြီးထဲမှာဆူးဆူး
နစ်နစ်နာကျင်နေရတယ်။ ဘာလို့လဲ
ဘာကြောင့်လဲ မင်းအပေါ်မှာကိုယ်ဘာတွေ
လုပ်မိလို့လဲ။

"မယုံဘူး…မယုံဘူး…ကိုယ်သေသွားလိမ့်မယ်
အဲ့လိုမပြောပါနဲ့…တောင်းပန်ပါတယ်…"

ချစ်သူလေးကိုတင်းကြပ်စွာဖက်ထားလိုက်တယ်
ရုန်းရင်တောင်လွှတ်ပေးမှာမဟုတ်ဘူး။
မင်းနှုတ်ခမ်းကနေလမ်းခွဲမယ်ဆိုတဲ့စကား
ပြောနေသရွေ့ဘယ်တော့မှလွှတ်ပေးမှာ
မဟုတ်ဘူး။ ကိုယ့်ကိုအဲ့လိုမပြောပါနဲ့ကိုယ်သေ
သွားလိမ့်မယ်။

"ဂျောင်ဂု…ဂျောင်ဂု…"

"မရဘူး~…မယုံဘူးမင်းဘယ်မှကိုထွက်သွားလို့
မရဘူး…မဟုတ်ဘူးမင်းကိုဘယ်မှထွက်သွားခွင့်
မပြုနိုင်ဘူး…"

"ဂျောင်ဂု…"

ဂျောင်ဂုရယ်မင်းနာကျင်တာထက်ကိုငါက
ပိုနာကျင်နေရတယ်။ ငါ့နေရာမှာအခြားသူသာ
ရှိသွားခဲ့ရင် ငါ့ကိုဖက်ခဲ့တဲ့ဒီရင်ခွင်လေးက
အခြားတစ်ယောက်ဆီမှာသာရှိသွားခဲ့ရင်
ဆိုတဲ့အတွေးနဲ့တင်ရူးဖို့လုံလောက်ပါပြီ။
တောင်းပန်ပါတယ်ဂျောင်ဂုရယ်ငါ့ကိုဆွဲမထား
ပါနဲ့တော့ ငါ့ကိုဆွဲထားရင်ငါပိုနာကျင်ရတယ်။

My Neighbour [KookJin]✔️Where stories live. Discover now