~5~

2.8K 393 67
                                    

ZawGyi
________

ငယ်ငယ်တုန်းကကြိုက်ခဲ့ရတဲ့အိမ်နီးချင်း
ကောင်လေးကလည်း အရွယ်ရောက်ပြီး
အိမ်နီးချင်းထပ်ဖြစ်လာမယ်လို့ဘယ်သူ
သိမှာလဲ။ ကျနော်တကယ်ကိုမယုံနိုင်သေးဘူး
တကယ်ကြီးဘေးအိမ်မှာနေတာလား။

အရင်တုန်းကတော့ခေါင်းရင်းဘက်ကညညဆို
စာကျက်တက်တဲ့ကောင်လေးကိုမမြင်ဖူး
ပေမဲ့အရမ်းမုန်းခဲ့တာ။ ညဘက်ကြီးအိပ်
တော့မှမီးကိုအဆုံးထိဖွင့်ပြီးကျက်တာဘယ်လို
ဆိုက်ကိုလည်းဆိုပြီးတော့။

ဒီလိုနဲ့ထုံးစံအတိုင်းရေမိုးချိုးပြီးတော့
အိမ်ပြင်လမ်းသလားဖို့ထွက်လာလိုက်တယ်။
ဘာရယ်တော့မဟုတ်ဘူးဘေးအိမ်လေးကို
မျက်လုံးလေးစွေလိုက်သေးတယ်။
ကျနော့်အကျင့်ပဲလေအမြဲတမ်းသူရှိနေတဲ့
အိမ်ဆိုတချက်လေးကြည့်လိုက်ရမှကျေနပ်
တာအခုလည်းကြည့်လိုက်ရမှပေါ့။

အိမ်တစ်ခုလုံးကတိတ်ဆိတ်နေပြီးအပ်ကျသံ
တောင်မကြားရ။ သရဲတွေဘာတွေပေါ်လာ
မှာတောင်ကြောက်ရတယ်။ တချက်တချက်
လှည့်လှည့်ကြည့်မိတော့အိမ်တံခါးလေးကို
သော့လေးချိတ်ထားတာကိုတွေ့တယ်။
ကြည့်ရတာသူမရှိဘူးထင်တယ်။

ဒီလိုနဲ့ဆော့ဂျင်တို့လမ်းသလားရမဲ့အချိန်
ရောက်လာပြီလေ။ လမ်းထိပ်မှာအမေတို့
ဆိုင်ရှိတာကြောင့် လာထားစမ်းဂျက်ကီချမ်း
အကွက်တွေနဲ့သွားတာပေါ့။ ဒါကတော့
ဆော့ဂျင်ရဲ့ကျွမ်းကျင်ရာအပိုင်းပဲလေအမေတို့
မသိအောင်အပြင်ခိုးခိုးထွက်ရတာလုံးဝ
အကြိုက်ပဲ ဆော့ဂျင်ရဲ့ဂျက်ကီချမ်းအကွက်တွေ
နဲ့ဆိုဘယ်တော့မှမသိဘူး။

ဒီလိုနဲ့လမ်းထိပ်ဘက်အကျော်လေးကို
ထွက်လာလိုက်တာပေါ့။ ဒီနေ့တော့ချယ်ဝန်း
မလာလောက်တော့ဘူးထင်တယ်ပုံမှန်ဆို
အစောကြီးလာပြီးအာလူးဖုတ်နေမှာအမှန်ပင်။
ဒီအချိန်လောက်ဆိုတော့မလာလောက်တော့တာ
လုံးဝသေချာသွားပြီ။ အဲ့လိုဆိုတော့လည်း
ငယ်ပေါင်းသူငယ်ချင်းနှစ်ယောက်ကိုသတိ
ရလိုက်တာ ဆိုးတူကောင်းဖက် ဂျီမင်းနဲ့
ဟိုဆော့ပေါ့။ ကျောင်းလဲဝေးနေရာလည်း
ဝေးသွားပြီဆိုတော့သိပ်မတွေ့ရတော့ပေ။

My Neighbour [KookJin]✔️Where stories live. Discover now