~22~

2.3K 334 42
                                    

ZawGyi
________

ရင်တွေအဆက်မပြတ်ကိုခုန်နေခဲ့တယ်
ကိုယ့်ရဲ့ရင်ခုန်သံတွေကိုသူများကြားမှာတောင်
စိုးရိမ်နေရတယ်။

"ဆော့ဂျင်~…"

"………………"

ဒါကြီးကတော့လုံးဝသေချာသွားပြီ
ဒီအသံ ဒီလေယူလေသိမ်း။ ဆော့ဂျင်ဆိုပြီး
ခေါ်တဲ့လေသံ မင်းမှမင်းပါပဲ။

"ကိုယ်ပြန်လာပြီလေ~…"

ဘာလို့သူ့ အသံကြားရတာမျက်ရည်ဝဲချင်
နေရတာလဲ။ ရင်ဘတ်ကဆူးဆူးနစ်နစ်ကို
အောင့်လာပြီ ကလေးတစ်ယောက်လိုကို
ငိုချချင်နေတယ်။ သူ့ မျက်နှာကိုလည်း
လှည့်ကြည့်ဖို့ အဆင့်သင့်ကိုမဖြစ်သေးပေ။
ဘယ်နှနှစ်တောင်ရှိခဲ့ပြီလဲ 4 နှစ်တောင်ရှိခဲ့
ပြီလေ။ 3 နှစ်ပြည့်တဲ့ထိကိုစောင့်ဆိုင်းနေခဲ့တာ
ဒါပေမဲ့ 4 နှစ်ထိတောင်ကြာသွားတယ်လေ။

"ဆော့ဂျင်~…ကိုယ်…ကိုယ်မင်းကိုအရမ်း
သတိရနေတာ~…အဲ့လိုပဲနေတော့မှာလား"

"ဟင်…"

ကျောအနောက်ဘက်ကနေ နွေးကနဲဖြစ်သွားတဲ့
ခံစားချက်လေး။ ကျနော်ဘာမှကိုမမြင်တော့ပေ ဒီလိုခံစားချက်မခံစားရတာအရမ်းကိုကြာခဲ့ပြီ။
ဒီရင်ခွင်နွေးနွေးလေးထဲကိုမနစ်မွန်းရတာ
4 နှစ်ကျော်တောင်ကြာခဲ့ပြီ။ အမှန်တိုင်းပြောရရင်
မင်းကိုလွမ်းတယ်။

"ကိုယ်~…ကလေးကိုအရမ်းလွမ်းနေတာ
အရမ်းသတိရနေတာ~…ပေါက်ထွက်မတက်ကို
ဖက်ထားလိုက်ချင်တာ~…"

"……………………"

"ဆော့ဂျင်~…ကိုယ့်ကိုခွင့်လွှတ်ပါမင်းဆီကို
နောက်ကျမှရောက်လာခဲ့လို့~…မင်းကိုကိုယ်
မနည်းလိုက်ရှာခဲ့ရတာ~…"

ဘယ်သူတွေသိခဲ့မှာလည်းမင်းကိုလွမ်းတဲ့စိတ်နဲ့
ငါညတိုင်းငိုခဲ့ရတာတွေကို။ သေချာတာကတော့
ငါ့ရဲ့ခေါင်းအုံးလေးကတော့အကုန်သိလောက်
နေမှာပါ။

"ဆော့ဂျင်~…ကလေးကိုယ့်ကိုဖယ်ကျဉ်နေတော့
မှာလားစကားပြောပါအုံး~…"

"ဖယ်…"

"ဆော့ဂျင်~…"

"ဘာလို့ငါ့ဆီကိုပြန်လာခဲ့တာလဲ…တကယ်ဆို
အခုမင်းကကောင်းကောင်းမွန်မွန်နေထိုင်နေရ
မှာလဲ…ဘာလို့လဲ…ဘာလို့ငါ့ဆီကိုပြန်လာခဲ့
တာလဲ…"

My Neighbour [KookJin]✔️Where stories live. Discover now