~3~

2.8K 386 27
                                    

ZawGyi
________

7 နှစ်...သူနဲ့ခွဲခွာနေရတာ 7 နှစ်ရှိခဲ့ပြီ။
အသက် 14 နှစ်ကတည်းကသူ့ ကိုအပြီးတိုင်
မေ့ပစ်ဖို့ကြိုးစားခဲ့ပြီးပြီ။ အခုတော့ 21 နှစ်
နှစ်တွေအများကြီးကြာခဲ့ပြီမို့မေ့ခဲ့ပြီလို့
ထင်ပါတယ်။ မဟုတ်ဘူးမေ့ကိုမေ့ရမယ်။

လွယ်အိတ်တခြမ်းစောင်းလွယ်ကာဘေးအိတ်
ထဲလက်ထည့်ပြီးအနားသို့လျှောက်လာသည်။
ဘေးဘီသို့တစ်ချက်မှတောင်မကြည့်ပဲ
ဖြတ်လျှောက်သွားတာ ကိုယ်သင်းနံ့လေးက
စွဲကျန်ခဲ့တယ်။ နောက်တော့နေရာယူလိုက်တာက
ဆော့ဂျင် အနောက်ကခုံမှာပင်။

မပြောင်းလဲခဲ့ပါလား ဂျောင်ဂုရယ် ဒါပေမဲ့
အများကြီးကိုပိုကြည့်ကောင်းလာတယ်။
အရပ်ကလည်းရှည်ပြီး ခန္ဓာကိုယ်ကလည်း
တော်တော်လေးကိုတောင့်တယ်။ ရုပ်ရည်
ကတော့ပြောစရာကိုမလိုဘူးပေါ့။

ခနတာတော့အရူးတစ်ယောက်လိုဖြစ်သွား
ခဲ့ပေမဲ့ နောက်တော့ကိုယ့်ကိုယ်ကိုယ်ပြန်ထိန်းပြီး
စာအုပ်ကိုထပ်ထုတ်သည်။ လွယ်အိတ်ထဲက
ရှိသမျှစာအုပ်တွေလည်းအကုန်လုံးကကိုယ့်
အရှေ့ကခုံပေါ်မှာ။

ယွန်းဂီက ဆော့ဂျင်ကိုမျက်မှောင်ခပ်ကြုံ့ကြုံ့
ဖြင့်လှမ်းကြည့်လေတော့။

"ရား...ဆော့ဂျင်...မင်းအဆင်ပြေရဲ့လား"

"ပြေ...ပြေပါတယ်......"

ဆော့ဂျင်လည်းဘယ်ဘတ်ရင်ဘတ်ကို
လက်ဖြင့်ဖိလိုက်ပြီး အသက်နိုင်ဆုံး
လေကိုမှုတ်ထုတ်လေသည်။ ဘာမှမဖြစ်
သလိုဟန်ဆောင်ကြည့်ပေမဲ့တကယ်တမ်း
မှာတော့မင်းကိုမမေ့နိုင်ဘူးထင်တယ်။

ပထမအချိန် စာသင်နေတုန်းမှာပဲဆော့ဂျင်
စာထဲသို့စိတ်မရောက်နိုင်။ ဘေးကိုလည်း
မကြည့်အနောက်ကိုဆိုပိုဆိုးနည်းနည်း
လေးတောင်မလှည့်နိုင်။ စာအုပ်မှာဆရာမ
ပြောသမျှတွေကိုပဲလိုက်မှတ်နေမိသည်။

ပထမအချိန်ပြီးပြီမို့ အတန်းထဲမှာတော့
အားလုံးဆူညံပွတ်လောရိုက်နေသည်။
ဖြစ်ချင်တိုင်းကိုဖြစ်နေတော့တာပါပဲ
အတန်းလစ်တဲ့သူကလစ်လုပ်ချင်ရာ
လုပ်နေကြတာပေါ့။ ဘေးနားကယွန်းဂီက
ပထမအချိန်ပြီးကတည်းကအတန်းကို
လစ်သွားလိုက်တာပေါ်ကိုမလာတော့ဘူး။

My Neighbour [KookJin]✔️Where stories live. Discover now