နတ်ရထားစီးတဲ့သတို့သမီး {2} Unicode

17.8K 515 5
                                    


နတ်ရထားစီးတဲ့ သတို့သမီး ♕
အပိုင်း>>>၂

စိတ်ဝေဒနာရှင်တွေကိုထားတဲ့ပုဂ္ဂလိက
ဆေးရုံတစ်ခုသို့>>>
ငုဝါဖွားဖွားကိုအဲ့မှာထားတာမို့ မုန့်နဲ့လိုအပ်တာတွေဝယ်ပြီးနှစ်ယောက်သား
ချီတတ်လာကြသည်။
ဆေးရုံဝင်းထဲအဝင်မှာကားတစ်စီးဘေးကနေဝူးခနဲဖြတ်မောင်းဝင်သွားလို့
ဘုံနဲ့ငုဝါကမန်းကတမ်းရှောင်လိုက်ရသေး
သည်။
တောက်))))ကားမောင်းတာကလူလိုမမောင်းဘူး...
ငုဝါရဲ့အဖွားဆီရောက်တော့..တာဝန်ကြ
ဆရာမလေးအား...
"ဆရာမအဖွားအခြေဘယ်လိုလဲဟင်.."

"အဖွားကဒီရက်ပိုင်းပုံမှန်ပါပဲ... ပုံမှန်အိပ်
တယ်၊စားတယ်၊လေ့ကျင့်ခန်းလည်းပုံမှန်
လုပ်ပြီး၊ စိတ်ကြည်လင်နေရင်မြေးဖြစ်သူ
အကြောင်းခဏခဏပြောနေတာ.."
"အဖွား..မြေးလာလို့ပျော်တယ်မို့လား.."
"အင်း.. မြေးလေး..နင့်အမေကော..ဟင်
လိုက်မလာဘူးလား.."

ဘုံနဲ့ငုဝါတစ်ယောက်မျက်နှာတစ်ယောက်ပြန်ကြည့်နေကြသည်။
ငုဝါအမေကအဖွားရှေ့မှာတင်အက်ဆီး
ဒင့်ဖြစ်ပြီးသေခဲ့ရတာကြောင့် အဖွားက
အဲ့ဒီကတည်းကစိတ်ဖောက်သွားတာ
ဖြစ်သည်။
"အဖွား အမေကလေ၊ဒီတစ်ခေါက်မအား
လို့တဲ့ နောက်တစ်ခေါက်ကြရင်လိုက်လာ
ခဲ့မယ်တဲ့..ဒီမှာအဖွားစားဖို့မုန့်တွေထည့်
ပေးလိုက်တယ်သိလား.."
သမီးကိုတွေ့ချင်တဲ့အဖွားမျက်နှာလေးအို
ကြတာသတိထားမိသည်။

"ကဲ ဖွား မြေးတို့အဖွားကိုသန့်ရှင်းရေးလုပ်
ပေးမယ်နော်.."
ဘုံနဲ့ငုဝါ အဖွားကိုလက်သည်းညှပ်၊ရေ
ပတ်တိုက်ပေး၊ခေါင်းဖြီးပေးပြီး..အဝတ်သစ်လဲပေးသည်။
ဆေးရုံအဝတ်ဆိုပေမယ့်အသစ်နဲ့လဲတော့စိတ်ကြည်သွားအောင်ပါ။
ညပိုင်းရောက်ပြီမို့အကြာကြီးလဲနေလို့မရ
သဖြင့် ...
"အဖွား..မြေးတို့ပြန်တော့မယ်နော်..
နောက်တစ်ပတ်ကြရင်ထပ်လာခဲ့မယ်.."

သူ့မြေးပြန်တော့မယ်ဆိုတော့..မြေးလက်
ကိုလှမ်းဆွဲရင်း..
"အိမ်ပြန်ချင်တယ်..မြေးလေးအဖွားကို
ပြန်ခေါ်သွားပါ.. ဒီမှာမနေချင်တော့ဘူး.."

"အဖွားရယ်.. အဖွားနေကောင်းမှအိမ်ကိုပြန်လို့ရမှာပေါ့..အဖွားနေကောင်းတာ
နဲ့မြေးလာခေါ်မယ်လို့ကတိပေးတယ်..
ဆရာမစကားနားထောင်ပြီး အစားလည်း
စားပြီး ကျန်းမာအောင်နေနော်..
နောက်လာရင် အမေ့ကိုလည်းခေါ်လာခဲ့
မယ်လေ.. အဖွားသမီးကိုတွေ့ချင်နေတယ်မို့လား.."
အဖွားကရုတ်တရက်အမူအယာပြောင်း
ပြီး ..သူမလက်ကိုဆောင့်ဆွဲဖြုတ်ကာ...

နတ္ရထားစီးတ့ဲသတို့သမီး {Complete} {zawgyi,unicode}Where stories live. Discover now