နတ်ရထားစီးတဲ့ သတို့သမီး
အပိုင်း >> ၁၉"အား..ကျွတ်..ကျွတ်..ကိုယ်ခေါင်းတွေအရမ်းကိုက်တာပဲ..
ဘုံ..မင်းတစ်ခုခုလုပ်ပေးစမ်းပါ...
အား.. ဘုံ..မင်းဘာလုပ်နေတာလဲကွာ..
ပြောတော့လူနာစောင့်လုပ်မယ်ဆိုပြီး
ကိုယ်သေတာထိုင်ကြည့်မလို့လား..."ဘုံကနံ့သာအိုးထဲအမွေးခဲထည့်ပြီးယပ်
တောင်အသာခပ်ကာအငွေ့ထွက်အောင်
လုပ်နေတာဖြစ်သည်။"ဒီမှာလုပ်နေတာခင်ဗျားမမြင်ဘူးလား..
ခင်ဗျားကြီးအော်နေတော့ဘာလုပ်လို့ဘာ
ကိုင်ရမှန်းတောင်မသိဖြစ်ကုန်ပြီ...
ကိုက်တယ်ခဲတယ်ဆိုပြီး ဆေးကြမသောက်ချင်ဘူး..
အသက်သဖြင့်ဟိုတဖက်လှမ်းနေပြီ...""ဘာပြောတယ် ..."
"ဒီမှာဘဘကပြောတယ်.ဒါရှေးရိုးရာဆေး
နည်းတဲ့.. ဒီအမွေးနံသာကခင်ဗျားကို
အကိုက်အခဲသက်သာအောင်လုပ်ပေးလိမ့်မယ်..ငြိမ်ငြိမ်နေ...""အဲ့ဒါတွေထားလိုက်စမ်းပါ..သူပြောတိုင်း
မင်းလျှောက်မလုပ်နဲ့.ဒီကိုလာပြီးခေါင်းကို
နဲနဲနှိပ်ပေး..."
ဘုံကအနားတော့လာပါရဲ့။ဒါပေမယ့်ဒီအ
တိုင်းပေရပ်နေလျှင်..
"ဘာလို့ တွန့်ဆုတ်နေတာလဲ.."
"ခင်ဗျားကြီးက ကုတင်ပေါ်မှာလေ....""ဒီမှာ ကိုယ့်ကိုလည်းမင်းကြည့်အုံး..
တစ်ကိုယ်လုံးဒဏ်ရာတွေနဲ့ကို၊မင်းကို
ဘာလုပ်နိုင်မှာမို့လို့လဲ..."
"ပြီးရော.."ဘုံ ကုတင်းပေါ်ထိုင်လိုက်တော့သူကဘုံပေါင်ပေါ်
ခေါင်းတင်ပြီးအိပ်လိုက်သည်။
ဘုံကလက်ချောင်းလေးတွေနဲ့အသာအယာနှိပ်နယ်ပေးသည်။
သူကမော့ကြည့်တော့ ရှက်ပြီးမျက်နှာလွဲထား
သည်။"ခေါင်းကိုက်တယ်ဆို..မျက်လုံးမှိတ်ထား
လေ.."
"ဘုံ ကိုယ့်ကိုမင်းသေချာကြည့်စမ်းပါ..
မင်းအမြင်မှာ ကိုယ်ကမကောင်းဆိုးဝါး
ဘီလူး၊သရဲတစ်ကောင်လိုကြောက်စရာ
ကောင်းနေလား...ဟမ်
ဘာလို့ ကိုယ့်ဆီကနေထွက်ပြေးချင်နေရ
တာလဲ.."
ESTÁS LEYENDO
နတ္ရထားစီးတ့ဲသတို့သမီး {Complete} {zawgyi,unicode}
Romanceနာမည်ကျော်ကြားလူကြောက်များတဲ့.. ထိပ်တန်းgroupရဲ့Ceo "သူကno mediaပဲ..သူ့သတင်းတွေ အားလုံးကလျှိဝှက်တယ်၊သူထွက်လာ တိုင်းဘေးမှာဘော်ဒီဂတ်တွေအများကြီး နဲ့မို့ဓာတ်ပုံတောင်ခိုးရိုက်လို့မရဘူးတဲ့" "သူ့ရန်သူမှန်သမျှနှစ်ရက်ထပ်ပိုပြီးအသက်မရှည်ကြဘူးတဲ့.." ဤကဲ့သို့သ...