၂၄ နတ်ရထားစီးတဲ့ သတို့သမီး
အပိုင်း >>၂၄ဘုံသတင်းစာတစ်စောင်ကိုဖတ်နေတာအခေါက်
ခေါက်အခါခါရှိနေပြီဖြစ်သည်။ ဒီနေ့မှစံအိမ်အပြင်
ကိုဈေးဝယ်ထွက်တဲ့တစ်ယောက်ဝယ်လာပေးတာ
ဖြစ်သည်။
သတင်းစာထဲမှာသူ့အကြောင်းခေါင်းစဉ်းကြီးကြီးနဲ့
ပါလာသည်။ ပရဟိတပွဲတစ်ခုမှာပဌိပက္ခဖြစ်ပြီး
တစ်ဖက်လူကိုလည်ပင်းညှစ်ခဲ့သတဲ့..
သူ့ကျန်းမာရေးများချို့ယွင်းနေလားဆိုပြီးမေးခွန်း
ပြန်ထုတ်ထားသည်။
GS ကသတင်းတွေကိုဒီလောက်ထိန်းချုပ်တဲ့ကြား
ထဲက ဒီလိုဖြစ်တာဆိုတော့ တော်တော်ဆိုးရွားခဲ့မှာ
ပဲ..ဒါကြောင့်အခုရက်အတွင်း တစ်ခုခုဆိုသူဒေါသအရမ်းထွက်နေတတ်တာလား..?
ကားသံကြားယုံရှိသေး လျှပ်တစ်ပြက်နဲ့ဘုံ့နားရောက်လာပြီး..ဘုံ့လက်ထဲကနေဆက်ခနဲလုယူကာ..
"ဘယ်သူကဒီလိုအမှိုက်တွေကို ငါ့အိမ်ထဲသယ်လာ
ရဲတာလဲ"
ြှဗိ..ဗြိ..
အပိုင်းအစဖြစ်သွားရသည်။
တောက်)))
ဘုံ့ကိုဘာမှမပြောပဲ အိမ်ပေါ်သို့တန်းတတ်သွားသည်။သူတတ်သွားမှ ..ဘုံက အိမ်ထိန်းအား..
" ဘဘ ဘုံ့ကိုအမှန်အတိုင်းပြောပြလို့ရမလား..
သူ့လက်ကဘာဖြစ်တာလဲဟင် ..သူဟိုတနေ့က
လည်းအဲ့လက်အကြောင်းပြောသေးတယ်..
ဒီမှာလည်း လက်ကြောင့်လို့ရေးထားတယ်..
ဘဘ သိတယ်မို့လား..""အင်း သမီးသိချင်ရင်တော့ ဘဘပြောပြပါ့မယ်..
သခင်လေးကဒီကိစ္စကိုမေ့ပစ်သင့်တာကြာပါပြီ..
သမီးကကူညီပေးရင်ကောင်းမှာပဲ..ဒီလိုပါ သခင်လေးကတော်တော်ကံမကောင်းတဲ့
ကလေးတစ်ယောက်ပါ..
သမီးစဉ်းစားတောင်မကြည့်နိုင်တဲ့ဘဝမျိုးနဲ့သူနေ
လာရတာ..
လက်အိတ်စွပ်ထားတဲ့အဲ့လက်ကငယ်ငယ်က အဖြတ်ခံရတာကွဲ့.."
ဟင်.. သူ့လက်က..
လက်မှာကြည့်ရဆိုးတဲ့ အမာရွတ်တစ်ခုခုရှိနေတယ်လို့ပဲထင်ထားဘူးတာ..အခုလိုကြီး.."ငယ်ငယ်ရွယ်ရွယ်နဲ့စိတ်ဒဏ်ရာတွေအများကြီး
ရထားတဲ့သူပါ.. လူတွေအမြင်မှာသာကြမ်းတမ်း
ပေမယ့် သနားစရာအကောင်းဆုံးကလေးပဲ"ပြောရင်း ဦးဒေဝကမျက်ရည်တွေဝဲနေသည်။
ဘုံလည်းငိုချင်လာသည်.. ဒီအတိုင်းမိဘမဲ့မို့
ဂိုဏ်းစတားကမွေးစားထားလို့ကြမ်းတမ်းနေတယ်
ထင်တာ..
YOU ARE READING
နတ္ရထားစီးတ့ဲသတို့သမီး {Complete} {zawgyi,unicode}
Romanceနာမည်ကျော်ကြားလူကြောက်များတဲ့.. ထိပ်တန်းgroupရဲ့Ceo "သူကno mediaပဲ..သူ့သတင်းတွေ အားလုံးကလျှိဝှက်တယ်၊သူထွက်လာ တိုင်းဘေးမှာဘော်ဒီဂတ်တွေအများကြီး နဲ့မို့ဓာတ်ပုံတောင်ခိုးရိုက်လို့မရဘူးတဲ့" "သူ့ရန်သူမှန်သမျှနှစ်ရက်ထပ်ပိုပြီးအသက်မရှည်ကြဘူးတဲ့.." ဤကဲ့သို့သ...